မက်ဆီဟာ မေဂျာလိဂ်နဲ့ လိုက်လျောညီထွေဖြစ်ဖို့ အချိန်လိုပါလိမ့်မယ် - ဘက်ခမ်း

မက်ဆီဟာ မေဂျာလိဂ်နဲ့ လိုက်လျောညီထွေဖြစ်ဖို့ အချိန်လိုပါလိမ့်မယ် - ဘက်ခမ်း
Photos: EPA

ဒေးဗစ်ဘက်ခမ်းက ကစားပုံအဆင့်အတန်းဟာ ဥရောပပြိုင်ပွဲနဲ့ "မတူညီတဲ့ အဆင့်"တစ်ခုမှာ ရှိနေငြားလည်း လီယွန်နယ်မက်ဆီဟာ မေဂျာလိဂ်ဘောလုံးနဲ့ လိုက်လျောညီထွေဖြစ်အောင် အချိန်ယူရလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

မက်ဆီဟာ နှစ်နှစ်ခွဲစာချုပ်ချုပ်ဆိုပြီးနောက် အင်္ဂါနေ့က ကလပ်အသင်းအတွက် သူ့ရဲ့ ပထမဆုံးလေ့ကျင့်ရေးအစီအစဉ်မှာ ပါဝင်တာကို မန်ချက်စတာယူနိုက်တက်နဲ့ ရီးယဲလ်မက်ဒရစ်ကွင်းလယ်ကစားသမားဟောင်း၊ အင်တာမိုင်ယာမီရဲ့ ပူးတွဲပိုင်ရှင် ဘက်ခမ်းက ကြည့်ရှုခဲ့ပါတယ်။

ဘာစီလိုနာနဲ့ အာဂျင်တီးနားနည်းပြဟောင်း ဂျရာဒို 'တာတာ' မာတီနိုက အစီအစဉ်ကို ဦးဆောင်မှုနဲ့အတူ ဘာစီလိုနာမှ မက်ဆီရဲ့ အသင်းဖော်ဟောင်းတစ်ဦးဖြစ်တဲ့ စပိန်ကွင်းလယ်ကစားသမား ဆာဂျီယို ဘူးစကွက်ဟာ စနေနေ့က စာချုပ်ခဲ့ပြီးနောက် ကလပ်ရဲ့ အဆောင်အဦးမှာ လေ့ကျင့်ခန်းလည်း ဆင်းခဲ့ပါတယ်။

"လီယိုက ဘယ်လောက်ပဲ ကောင်းနေပါစေ၊ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ တည်ဆောက်ပုံက ဘယ်လိုပဲ ဖြစ်နေပါစေ၊ သူနဲ့ ဆာဂျီယိုတို့ဟာ ဘာပဲဖြစ်နေဖြစ်နေ လိုက်လျောညီထွေဖြစ်အောင် အချိန်ယူဖို့ လိုအပ်နေဆဲပါ"လို့ အင်္ဂလန်သားက ပြောပါတယ်။

“သူတို့က ကျနော်တို့ကို အံ့အားသင့်စေနိုင်ပါတယ်၊ ပွဲတစ်ပွဲစီတိုင်းကို အနိုင်နဲ့ ကျနော်တို့ စတင်နိုင်ပေမယ့် စိတ်ရှည်ဖို့တော့ လိုပါတယ်”လို့ သူက ပြောပါတယ်။

ဘက်ခမ်းက အာဂျင်တီးနားသားဟာ မလိုအပ်ဘဲ စတင်မပါဝင်နိုင်ဘူးလို့ ဘက်ခမ်းက ပြောဆိုရင်း မက္ကဆီကန်ကလပ် ခရုဇ် အေဇယ်နဲ့ ကစားမယ့် သောကြာနေ့ရဲ့ လိဂ်ဖလားပွဲမှာ မိုင်ယာမီ ပရိသတ်တွေအနေနဲ့ စိတ်ရှည်မှုကို ပြသဖို့ လိုအပ်နိုင်ပါတယ်။

“လီယိုက ပွဲရဲ့ အစိတ်အပိုင်းတချို့ကို ကစားမှာဖြစ်ပေမယ့် အဲဒါက နည်းပြအပေါ်မှာ မူတည်ပြီး သူအဆင်သင့်ဖြစ်မဖြစ်ကို လီယိုက ဆုံးဖြတ်ရမှာပါ။ ဘာလို့လဲဆိုတော့ သူ့မိသားစုနဲ့ ရက်သတ္တပတ်အနည်းငယ်ကြာဝေးကွာနေခဲ့တာ ကျနော်တို့ သိပါတယ်။ ဒါပေမယ့် သူ အာသီသရှိပုံရတယ်။ သူ ကောင်းပုံရပေမယ့် လိုက်လျောညီထွေဖြစ်အောင်လုပ်ဖို့ အချိန်လိုပါလိမ့်မယ်”လို့ ဘက်ခမ်းက ဆိုပါတယ်။

ဘက်ခမ်းဟာ ၂၀၀၇ မှာ ဂလက်ဆီအသင်းအတွက် စာချုပ်ခဲ့တုန်းက သူဟာ MLS လိဂ်ကို ပြောင်းရွှေ့ခဲ့တဲ့ နာမည်အကြီးဆုံးဖြစ်ခဲ့သူပါ။ အဲဒီချိန်က လိဂ်ပြိုင်ပွဲမှာ ကလပ် ၁၃ သင်းသာရှိခဲ့ပေမယ့်လည်း ဒီကနေ့မှာတော့ ၂၉ သင်းနဲ့ နှိုင်းယှဉ်ရင် ကစားပုံအဆင့်အတန်းမှာ သိသိသာသာ နိမ့်ကျခဲ့ပါတယ်။

ဒါပေမယ့် ဘက်ခမ်းက ဘာမှမပြောင်းလဲတဲ့ ဧရိယာတစ်ခုရှိတယ်လို့ ဆိုပါတယ်။

"ကျနော် ရောက်လာတုန်းက တူညီတဲ့ အရာထဲက တစ်ခုက ရုတ်တရက် လူတိုင်းက အယ်လ်အေက အရာအားလုံးကို အနိုင်ယူသွားလိမ့်မယ် ထင်ကြတယ်။ အယ်အေက ပွဲတိုင်းကို ၇-၀ ၊ ၈-၀ ဂိုးတွေနဲ့ နိုင်သွားလိမ့်မယ်။ အဲဒါပါပဲ၊ တခြားဘယ်သူမှ ဘာမဆိုအနိုင်ရသွားမှာမှ မဟုတ်တာ”လို့ သူက ပြောပါတယ်။

ဒါပေမယ့် ဘက်ခမ်း ရောက်ရှိလာပေမယ့် ဂလက်ဆီအသင်းဟာ သူ့ရဲ့ ပထမနှစ်ရာသီမှာ playoffs ကိုတောင် တက်ရောက်နိုင်အောင် မလုပ်ပြနိုင်ခဲ့ကြပါဘူး။

အယ်လ်အေဟာ ၂၀၀၇ နဲ့ ၂၀၀၈ တို့မှာ Western Conference ရဲ့ အောက်ဆုံးနားမှာ ပြီးဆုံးခဲ့ပေမယ့်လည်း ၂၀၁၁ နဲ့ ၂၀၁၂ တို့မှာ MLS Cup ကို မဆွတ်ခူးနိုင်ခင်၂၀၀၉ မှာ finalists မှာ အလဲှထိုးခံခဲ့ရပါတယ်။

"အဲဒီပထမနှစ်နှစ်တာကာလက ကျနော့်အတွက် စိန်ခေါ်မှုတစ်ခုပါ၊ အရာအားလုံးကို အသုံးချပြီး ကလပ်နဲ့ လိဂ်ကို နည်းနည်းပိုပြီး ပရော်ဖက်ရှင်နယ်ဖြစ်အောင် ဆောင်ကျဉ်းပေးခဲ့ပါတယ်၊ ဒါပေမယ့် အရာအားလုံးက အရမ်းခပ်မြန်မြန် ပြောင်းလဲသွားခဲ့ပါတယ်"လို့ သူက ပြောပါတယ်။

"ကျနော် ဘောလုံးကစားရတာကို စတင်ပျော်လာတယ်၊ ကျနော်တို့ နိုင်ပွဲရရုံတင် မကလို့ပါ။ (ဒါပေမယ့်) ကလပ်အသင်းတစ်ခုချင်းစီတိုင်းမှာ အကယ်ဒမီပစ္စည်းတွေ ဝင်လာတာကို လုပ်ဆောင်နိုင်နေခဲ့တဲ့ အပြောင်းအလဲကို ကျနော် မြင်နေရလို့ပါပဲ။ ကျနော်တို့ အခု စင်မြင့်ပါ်ရောက်နေပြီ။ အဲဒီနေရာမှာ သူတို့တွေဟာ ၂၀၀၇ တုန်းကနဲ့ ဘယ်လိုမှ မတူတာ သေချာတယ်” လို့ သူက ပြောပါတယ်။

MLS ပြိုင်ပွဲရဲ့ အဆင့်အတန်းဟာ ဥရောပထိပ်တန်းလိဂ်တွေထက် နိမ့်ကျနေကောင်းနေသေးပေမယ့်လည်း မက်ဆီဟာ အဲဒီထိပ်တန်းလိဂ်တွေမှာ သူ့ရဲ့ကလပ်ကစားသမားဘဝတစ်ခုလုံးကို ကုန်ဆုံးစေခဲ့ပေမယ့်း သူတို့ရဲ့ ကစားသမားဘဝနေဝင်ချိန်နှောင်းပိုင်းမှာ ဒီလိဂ်ကို ပူးပေါင်းခဲ့တဲ့ နိုင်ငံခြားကစားသမားအချို့ဟာ ရှင်သန်ဖို့ ခက်ခဲနေခဲ့တယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။

အချိန်ဇုန်တွေ တစ်လျှောက် မကြာခဏ ခရီးသွားရတာ၊ တချို့သော အားကစားကွင်းတွေမှာ မြက်ခင်းတုမျက်နှာပြင်တွေပါ်မှာ ကစားရတာနဲ့ တူညီတဲ့ လှိုင်းအလျား ဒါမှမဟုတ် မျှော်မှန်းထားတဲ့ နည်းစနစ်ပိုင်းဆိုင်ရာ စွမ်းရည်မရှိတဲ့ အသင်းဖော်တွေ ရှိနေတာတို့က ကစားသမားတွေ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတချို့ဖြစ်ပါတယ်။

ဘက်ခမ်းက မက်ဆီဟာ အောင်မြင်မှုတစ်ခုဖြစ်လာမှာကို သံသယမရှိပေမယ့်လည်း ကွင်းထဲမှာ သူ့ရဲ့ သက်ရောက်မှုကို တချို့သောသူတွေက မျှော်လင့်ထားသလို ချက်ချင်းဖြစ်မလာနိုင်ဘူးလို့ လက်ခံရမှာပါ။

"ဘောလုံးပတ်ဝန်းကျင်အသစ်ကို ရောက်ရှိလာတဲ့ ကစားသမားတွေဟာ မတူညီတဲ့ ပြိုင်ဆိုင်မှုအဆင့်နဲ့ လိုက်လျောညီထွေဖြစ်အောင် သူတို့ရဲ့ ကစားဟန်၊ နည်းဗျူဟာတွေနဲ့ အတွေးအခေါ်တွေကို ချိန်ညှိဖို့ လိုအပ်မှာပါ"လို့ သူက ပြောပါတယ်။

"ဒါပေမယ့် နောက်ဆုံးနေ့မှာတော့ ဒီတိုင်းပြည်ရဲ့ ဘောလုံးအဆင့်အတန်းက အခုချိန် ကောင်းမွန်တဲ့ အဆင့်ပါပဲ၊ ဒါဟာ ကြီးကျယ်တဲ့ အဆင့်ပါ၊ ဒါကြောင့် ကျနော်တို့ စိတ်ရှည်ရမယ့် အခိုက်အတန့်တွေ ရှိလာမှာပါ" လို့ သူက ပြောဆိုသွားပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required