အာဇာနည်နေ့အထိမ်းအမှတ် ဆားလင်းကြီးမြို့အနီး ပြောက်ကျားသပိတ်ဖော်ဆောင်

By KMN (မဇ္ဈိမ)
19 July 2023
အာဇာနည်နေ့အထိမ်းအမှတ် ဆားလင်းကြီးမြို့အနီး ပြောက်ကျားသပိတ်ဖော်ဆောင်

ယနေ့ ဇူလိုင် ၁၉ တွင် ကျရောက်သည့် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ်  စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့အနီး လမ်းမတစ်နေရာတွင် ပြောက်ကျားသပိတ်ဖော်ဆောင်ခဲ့ကြောင်း အညာပစ်တိုင်း ထောင်လေးများအဖွဲ့က ထုတ်ပြန်သည်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့ နှင့်လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ (GSCN) တို့ပူးပေါင်းကာ ပြောက်ကျားသပိတ်ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

" ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်နေ့မှာ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးစားရင်းအသက်စတေးခဲ့ရတဲ့ အာဇာနည် ကိုးဦးနဲ့အတူ မြန်မာ့နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းကြီးတွေကို ဂါဝရပြု ဦးညွှတ်တဲ့အနေနဲ့ ပြုလုပ်ခဲ့တာပါ "ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူက ပြောသည်။

 ပြောက်ကျားသပိတ်တွင် "ဦးညွှတ်ပါသည် လူမျိုးပေါင်းစုံ အာဇာနည်တို့"  စာတန်းကို ကိုင်စွဲကာ လမ်းလျှောက်ခြင်း၊ နှင်းဆီပန်းများကြဲချခြင်း၊ "လူမျိုးကြီးဝါဒဖယ်ရှားကြ အာဇာနည်ဟာ ကိုးဦးမက၊ အရေးတော်ပုံအောင်ရမည်" စသည့် စာများရေးသားထားသည့် စာရွက်များအား  လမ်းမတစ်နေရာတွင် ဖြန့်ကြဲချခဲ့ကြောင်း ၎င်းသပိတ်တွင်ပါဝင်သူများကဆိုသည်။

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#အာဇာနည်နေ့
#အထိမ်းအမှတ် 
#ဆားလင်းကြီးမြို့
#ပြောက်ကျားသပိတ်

ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly