နိုင်ဂျီးရီးယား အစ္စလာမ်မစ်ခေါင်းဆောင်အား ဖမ်းမိ

နိုင်ဂျီးရီးယား အစ္စလာမ်မစ်ခေါင်းဆောင်အား ဖမ်းမိ

လိုကိုဂျာ၊ ဧပြီ ၄ ။       ။ နိုင်ဂျီးရီးယားနိုင်ငံမှ အယ်ခိုင်ဒါအဆက်အနွယ် အစ္စလာမ်မစ်အုပ်စုဖြစ်သည့် အန်ဆာရူအဖွဲ့၏ ခေါင်းဆောင်အား ဖမ်းဆီးရမိကြောင်း အာဏာပိုင်များက ပြောသည်။

ခါလစ်အယ်ဘန်နာဝီကို ကိုဂျီပြည်နယ် မြို့တော် လိုကိုဂျာတွင် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ခါလစ်ကို အမေရိကန်နိုင်ငံက ဆုငွေ အမေရိကန်ဒေါ်လာ ငါးသန်းထုတ်ထားခြင်းဖြစ်သည်။

အန်ဆာရူအဖွဲ့သည် အနောက်တိုင်းသားများကို ပြန်ပေးဆွဲသည့် ဘိုကိုဟာရမ်အဖွဲ့၏ နောက်ဆုံးလက်ခွဲဂျီဟတ်အဖွဲ့တစ်ဖွဲ့လည်းဖြစ်သည်။

ယင်းအဖွဲ့က ၂၀၁၂ ခုနှစ်အတွင်း အဘူဂျာမြို့တော်ရှိ လုံခြုံရေးမြင့်မားသည့် အကျဉ်းထောင်ကို တိုက်ခိုက်ကာ ထောင်သားများစွာကို လွတ်ပေးခဲ့သည့် လုပ်ရပ်ကို ၎င်းတို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကြေညာထားသည်။

“လုံခြုံရေးအေဂျင့်တွေက အစွန်းရောက်တပ်ဖွဲ့ကို ဝင်စီးတိုက်ခိုက်ပြီး ခေါင်းဆောင်ခါလစ်ကို လက်ရဖမ်းမိတာဖြစ်ပါတယ်။ ခါလစ်က အစွန်းရောက်တိုက်ခိုက်မှုတွေအတွက် အလိုရှိတရားခံစာရင်းမှာ ထိပ်တန်းက ပါဝင်သူလည်းဖြစ်ပါတယ်။”ဟု စစ်တပ်ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly