တနင်္သာရီတိုင်း ဝန်ကြီးများအိမ်ရာ ဒုတိယအကြိမ် တိုက်ခိုက်ခံရ

By ကိုရွှေမြိတ်(မဇ္ဈိမ)
18 July 2023
တနင်္သာရီတိုင်း ဝန်ကြီးများအိမ်ရာ ဒုတိယအကြိမ် တိုက်ခိုက်ခံရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် ဇူလိုင်လ ၁၆ ရက်  ည ၁၁ နာရီခန့်က ဝန်ကြီးများအိမ်ရာ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးဦးစီးဌာနရုံးကို ဒုတိယအကြိမ် သွားရောက်တိုက်ခိုက် ခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ဇူလိုင်လ ၁၈ ရက်တွင် ထုတ်ပြန် သည်။

“ကျွန်တော်တို့ ပူးပေါင်းအဖွဲ့နဲ့ သွားရောက် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်၊ လက်နက်ကြီးနဲ့ သွားရောက် ပစ်ခတ်ခဲ့တယ်ဆိုပေမယ့် ထိခိုက်သေဆုံးမှုကတော့ အခုချိန်အထိတ မသိရသေးဘူး”ဟု တိုက်ခိုက်မှုတွင် ပါဝင်သည့် လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF) ရဲဘော် တဦးက ပြောသည်။

အဆိုပါ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးဦးစီးဌာနရုံးသည် ထားဝယ်-လောင်းလုံး ဆက်သွယ်ထားသော ကမြောကင်းတံတားအနီးတွင်တည်ရှိပြီး စစ်ကောင်စီက ကင်းပုန်းချထားသော လုံခြုံရေးတင်းကြပ်သည့်နေရာ ဖြစ်သည်ဟု LLPDF တပ်ဖွဲ့ဝင်များထံမှ သိရသည်။

အဆိုပါ ဝန်ကြီးများအိမ်ရာနှင့် ကမြောကင်းတံတားအနီးရှိ စစ်ကောင်စီတပ်သားများကို ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့ကလည်း  လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF) က လက်နက်ကြီးဖြင့် ပထမအကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required