စစ်ကူသွားသည့် စစ်ကောင်စီတပ်မှစက်လှေ ထားဝယ်မြစ်အတွင်း နစ်မြုပ်

By ကိုရွှေမြိတ် (မဇ္ဈိမ)
17 July 2023
စစ်ကူသွားသည့် စစ်ကောင်စီတပ်မှစက်လှေ ထားဝယ်မြစ်အတွင်း နစ်မြုပ်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှ သရက်ချောင်းမြို့နယ်ဘက်သို့ စစ်ကူသွား သည့် စစ်ကောင်စီတပ်မှစက်လှေနှစ်စီးအနက် တစီးသည် ဇူလိုင်လ ၁၆ ရက်နေ့ ည ၇ နာရီခန့်တွင် ထားဝယ်မြစ်ဝ၌ နစ်မြုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

နစ်မြုပ်ခဲ့သည့်စက်လှေတွင် စစ်ကောင်စီတပ်သားများအပါဝင် ပျူစောထီးအဖွဲ့ အင်အား ၃၀ ကျော် စီးနင်း လာကာ မိုးသက်လေပြင်းကြောင့် သပြေရှောင်ကျေးရွာနှင့် ရှင်မော်ကြားတွင်နစ်မြုပ်ခဲ့သည်ဟု ဒေသခံ သတင်းအရင်းမြစ်များကဆိုသည်။

“အခုနစ်မြုပ်သွားတဲ့လှေက လက်နက်ကြီးတပ်ဆင်ထားတဲ့လှေဖြစ်ပြီး စစ်ကူသွားဖို့သွားတယ်လို့သိရ တယ်။ မနေ့ကတနေ့လုံး မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတွေတိုက်ခတ်လို့ နစ်မြုပ်သွားတာဖြစ် မယ်” ဟု လောင်းလုံးမြို့နယ်မှ ဒေသခံတဦးကပြောသည်။

လက်ရှိတွင် နစ်မြုပ်ခဲ့သည့်စက်လှေကို ယနေ့ ဇူလိုင်လ ၁၇ ရက်၊ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့်  ပျူစောထီးအဖွဲ့ဝင်များက ရှာဖွေမှုများပြုလုပ်နေကြောင်း ဒေသခံများကဆိုသည်။ အဆိုပါဖြစ်စဥ်နှင့် ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် မဇ္ဈိမမှ စုံစမ်းနေဆဲဖြစ်သည်။ 

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်သားများသည်၊  သကျက်တောကျေးရွာ စာသင်ကျောင်းတွင် တပ်စွဲ ထားပြီး အနီးအနားရှိကျေးရွာများကို စစ်ကြောင်းထိုးရန်ရှိနေသည့်အတွက် ဒေသခံများ ထွက်ပြေး တိမ်း ရှောင် နေရကြောင်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

#တနင်္သာရီတိုင်း
#ထားဝယ်မြစ်
#စစ်ကူ
#စက်လှေ
#နစ်မြှုပ်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly