ဗေဒင်ဆရာ လင်းညို့တာရာ ကို စစ်ကောင်စီက ထပ်မံ ဖမ်းဆီး

By ကီရာ (မဇ္ဈိမ)
17 July 2023
ဗေဒင်ဆရာ လင်းညို့တာရာ ကို စစ်ကောင်စီက ထပ်မံ ဖမ်းဆီး
ဓာတ်ပုံ- ငယ်ဗေဒင်ဆရာ လင်းညို့တာရာ

လူငယ်ဗေဒင်ဆရာ လင်းညို့တာရာကို စစ်ကောင်စီက ဇူလိုင်လ ၁၅ရက် နံနက်တွင်ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာတွင် ဖော်ပြချက်အရ သိရသည်။

လင်းညို့တာရာသည် "နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် လှုံဆော်ခြင်း ၊ဝါဒဖြန့်ခြင်းများ လုပ်ဆောင်ခဲ့သည့်အတွက်" ဖမ်းဆီးခြင်းဖြစ်ကြောင်း ဇူလိုင်လ ၁၅ ရက်နေ့ထုတ် မြန်မာ့အလင်းတွင်ဖော်ပြထားသည်။ သို့သော် ဗေဒင်ဆရာအနေဖြင့် မည်သို့သော် လှုံ့ဆော်မှုပြုခဲ့သည်ကို မသိရပါ။

လင်းညို့တာရာကို ဇူလိုင် ၁၅ ရက်နေ့ နံနက် ၁၁နာရီ ၁၀မိနစ်တွင် ဖမ်းဆီးသည်ဟု ဖော်ပြသော်လည်း  သူ၏ လူမှုကွန်ရက်တွင် ဇူလိုင် ၁၆ရက် ညပိုင်းအထိ ဗေဒင်အကြောင်းအရာများအား ဝေမျှနေခဲ့သည်ကို တွေ့ရသည်။
 
ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ဗေဒင်ဆရာ လင်းညို့တာရာ၏ မိသားစုဝင်များအား ဆက်သွယ်မေးမြန်းရာတွင် ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။
 
လင်းညို့တာရာသည် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကျဆုံးခြင်းအတွက် ဆုတောင်းပေးသည့် ဗီဒီယိုဖိုင်ကို လွှင့်တင်မှုဖြင့်  ပုဒ်မ ၅၀၅ (ခ)ဖြင့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁၁ရက်တွင် ပထမဆုံးအကြိမ် ဖမ်းဆီးခံခဲ့ရပြီး ထောင်ထဲတွင် လ၂၀ ကျော်ကြာ နေထိုင်ခဲ့ရကာ ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၄ရက်တွင် လွတ်မြောက်ခဲ့သည်။

စစ်ကောင်စီသည် လူမှုကွန်ရက် အသုံးပြုသူများကို နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားရန် လုပ်ဆောင်သူများအဖြစ် ပုံဖော်၍ နေ့စဉ်နှင့်အမျှ ဖမ်းဆီးမှုများပြုလုပ်လေ့ရှိသည်။

ဇူလိုင်လ ၁ရက်နေ့ တစ်ရက်တည်းမှာပင် အဆိုပါ အကြောင်းပြချက်ဖြင့် လူ ၁၈ဦးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း မြန်မာ့အလင်းတွင်ပါရှိသည်။
 

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly