ရိုဟင်ဂျာနဲ့ လူနည်းစုအရေးဆုံးဖြတ်ချက် ကုလလူ့အခွင့်အရေးကောင်စီ အတည်ပြု

By မဇ္ဈိမ 
17 July 2023
ရိုဟင်ဂျာနဲ့ လူနည်းစုအရေးဆုံးဖြတ်ချက် ကုလလူ့အခွင့်အရေးကောင်စီ အတည်ပြု

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေအားလုံး ချက်ခြင်းရပ်တန့်ပြီး မြန်မာပြည်သူတိုင်းအတွက် လူအခွင့်အရေး ကာကွယ်မှုပေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက တောင်းဆိုပါတယ်။

 မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာမွတ်ဆလင်နဲ့ အခြား လူနည်းစုတွေရဲ့ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်ကို ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဇူလိုင် ၁၄ ရက်နေ့က ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၅၃ ကြိမ်မြောက် အစည်းအဝေးမှာ ချမှတ်အတည်ပြုလိုက်ပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ထဲမှာ နိုင်ငံတွင်းက အကြမ်းဖက်မှုတွေ၊ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေ အားလုံး ချက်ခြင်းရပ်တန့်ဖို့ စစ်ကောင်စီကို တောင်းဆိုထားပါတယ်။

ကုလသမဂ္ဂ တာဝန်ပေးအပ်ထားသူတွေနဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ယန္တယားတို့ကို မြန်မာတာဝန်ရှိသူတွေဖက်က အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပြီး၊ လူ့အခွင့်အရေးအခြေအနေကို အဟန့်အတားမရှိ စောင့်ကြည့်နိုင်ဖို့လည်း တောင်းဆိုထားပါတယ်။

ပြေးလွှားပုန်းရှောင်နေကြရတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့ လူနည်းစု တိုင်းရင်းသားတွေအတွက် သူတို့ဆန္ဒနဲ့အညီ နေရပ်ပြန်နိုင်မယ့် အခြေအနေမျိုး ဖန်တီးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly