နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၆ ဇူလိုင် ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၆ ဇူလိုင် ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ

•    အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်နှင့် အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာန (မွန်ပြည် နယ်၊တနင်္သာရီတိုင်း) အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင်လ ၁၅ ရက်၊ မနက် ၁၀ နာရီအချိန်မှာ ပြုလုပ်ခဲ့သည်။

•    ဒီပဲယင်းတွင် ဖဲစုရိုက်နေသည့်  ရန်သူ့တပ်သားများ ကို PDFက ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး ရေးဦးက အကြမ်း ဖက်စစ်တပ်ကိုလည်း Fix Wings နဲ့ ဗုံးသီးချတိုက်ခိုက်မှု ရန်သူ့တပ်သား ၆ဦးဒဏ်ရာ ရခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်က ထုတ်ပြန်သည်။

•    ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ၏ ပုံမှန်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၁၄ ရက်မှာ ပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနက လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။

 

တော်လှန်ရေး လှုပ်ရှားမှုများ

•    စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ စက်မှုဇုန် အေးရိပ်သာလမ်းတွင် ကင်းပတ်နေသည့် အိမ်စီးကားကို အနီးကပ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူများးရှိကြောင်း မုံရွာ နတ်ဆိုးအဖွဲ့ က ဇူလိုင်လ ၁၅ရက်နေ့တွင် ထုတ်ပြန်သည်။

•    ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

•    စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ကျေးရွာ ၉ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း ခင်ဦးမြို့နယ် သတင်း မှန်ပြန်ကြား ရေး အဖွဲ့ထံမှ သိရသည်။

•    စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူများ တုပ်ကွေး ရောဂါဖြစ်ပွားနေပြီး ဆေးဝါး၊ ရိက္ခာနှင့် အမိုးအကာများ လိုအပ်နေကြောင်း ဝက်လက်မြို့နယ်လူထု သပိတ် တိုက်ပွဲ ဦးဆောင် ကော်မတီထံမှ သိရသည်။

•    ပဲခူးတိုင်းအရှေ့ခြမ်း၊ ပဲခူးမြို့တွင် ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်က နန်းတော် ရာရပ်ကွက်၊ အင်းဝန်(၈) လမ်းရှိ နေအိမ်တလုံးကို လက်နက်ကိုင်နှစ်ဦးမှ ဝင်ရောက်အနုကြမ်းစီးရာ ရွှေ ထည် အများ အပြား ပါသွားကြောင်း ဒေသခံတဦးကပြောသည်။

•    မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးဆေးတက္ကသိုလ်ပါမောက္ခ ဆရာ၀န်တစ်ဦးသည် ၎င်း၏နေအိမ် တွင် ကော်သေနတ်အတုဖြင့်အနုကြမ်း စီးခံခဲ့ရကြောင်း နယ်မြေခံရဲတပ်ဖွဲ့နှင့် နီးစပ်သည့်အသိုက် အ၀န်း ထံက သိရသည်။

•    တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် သကျက်တောကျေးရွာကို ဇူလိုင်လ ၁၅ ရက်နေ့က အင်အား ၁၀၀ ကျော်ခန့်ရှိ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးပြီး ပစ်ခတ်မှုဖမ်းဆီးနေမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

•    တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ခမောင်းတောင်ရွာနှင့် သကျက်တောရွာမှ ပြည်သူ ၂ ဦးကို စစ်တပ်က ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရသည်။

•    တောင်ကိုရီးယားနိုင်ငံရှိ ဘူဖျောင်းမြို့နှင့် ချမ်းညောင်းမြို့တို့တွင် MFDMC မြန်မာ့ ဖက်ဒရယ် ဒီမိုကရေစီ အောင်နိုင်ရေး အဖွဲ့ပေါင်းချုပ် (ပြည်ပထောက်ပို့) ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

တိုင်းရင်းသား လက်နက်ကိုင်များ

•    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်အထိုင်ချ စခန်းများဖြစ်သည့် တံတားဦး ရပ်ကွက် ထိပ်ရှိ စစ်ကောင်စီဂိတ်စခန်းနှင့် အမှတ် (၃) စစ်ဆေးရေးဂိတ်တို့ကို ကရင်အမျိုးသားလွ တ်မြောက် ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း KNLA သတင်းရင်းမြစ်ထံမှ သိရသည်။

•    တနင်္သာရီတိုင်း၊ ထားဝယ်-ထီးခီးကားလမ်းပေါ်တွင် မည်သည့်ယာဥ်မှ ဖြတ် သန်း သွား လာခြင်းမပြုကြရန် ပြည်သူများကို KawThooLei Army က အသိပေး ကြေညာချက်တစ်စောင်ကို ယမန်နေ့က ထုတ်ပြန်သည်။

•    ကရင်ပြည်နယ်၊ KNU ဆောထိမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ် ၃ လုံးပျက်စီးခဲ့ကြောင်း ကေအဲန်ယူ-ဗဟို ထံမှ သိရသည်။

•    အကြမ်းဖက် စစ်တပ်သည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန် စိတ်ဆန္ဒကင်းမဲ့ပြီး အာဏာသိမ်းမှုကြောင့် တွေ့ဆုံဆွေးနွေးရေး လမ်းစ ပျောက်ခဲ့ကြောင်း KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောဆိုသည်။

 

စစ်ကောင်စီ
 

•    အကြမ်းဖက် စစ်ကောင်စီတပ်က ပြည်သူများကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ရာတွင် အမျိုးသမီး စစ်သည် လေယာဉ်မှူးများကို အသုံးပြုနေကြောင်း လေတပ် သတင်းရင်းမြစ် Operation Spitfire ၏ပြောဆိုချက်ကို ကိုးကား၍ ရန်ကုန်ခေတ်သစ်သတင်းတွင် ဖော်ပြထားသည်။

•    တရုတ်နိုင်ငံ၊ရှမန်မြို့မှထုတ်လုပ်သည့် လူစီးဘတ်စ်ကား နှင့်လျှပ်စစ်ဘတ်စ်ကားများ မြန်မာနိုင်ငံသို့တင်ပို့ ရောင်းချမှုအခြေအနေများနှင့်ရင်းနှီးမြုပ်နှံမှုအလားအလာများကိုဆွေးနွေးခဲ့ ကြောင်း အကြမ်းဖက် စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှသိရသည်။

•    မြန်မာနိုင်ငံ၏ ဂျီဒီပီမှာမြန်မာနိုင်ငံ၏ရေမြေသဘာဝနှင့်တူညီသည့် ဒေသတွင်း နိုင်ငံများ၏ ဂျီဒီပီနှင့် နှိုင်းယှဉ် ပါက များစွာကွာခြားလျက်ရှိနေသေးကြောင်း အကြမ်းဖက်မင်းအောင်လှိုင်က ဇူလိုင် ၁၅ ရက်က ကျင်းပ သည့် ကုန်ထုတ်လုပ်မှုမြှင့်တင်ရေးအစည်းအဝေးတွင် ပြောပြန်သည်။

•    စင်္ကာပူနိုင်ငံရှိ  UOB က ဘဏ်စာရင်းပိတ်သိမ်းသွားမည်ဟု သတင်းထုတ်ပြန်ပြီးနောက် MAI လေကြောင်း လိုင်းက အစားထိုးဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ဆောင်ရွက်နေကြောင်း ထုတ်ပြန်သည်။

•    ဝါစိုက်ပျိုးနိုင်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် ဝါစိုက်ပျိုးမှုကို အားပေးဆောင် ရွက်ရန်လို့ ကြောင်း အကြမ်းဖက်မင်းအောင်လှိုင်က ပြောပြန်သည်။

•    အရေးပေါ်အခြေအနေ ကြေညာမှု ၆ လသက်တမ်း ပြည့်ခါနီးချိန် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သက်တမ်းထပ်တိုးမည့်သဘော စစ်ကောင်စီ၏ အစည်းအဝေးတွင် အရိပ်အမြွက် ပြောဆိုလာသည်။

 

ဇူလိုင် ၁၆ ရက် သုံးသပ်ချက်
 

•    အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ရောက်သည့်နေရာတိုင်းတွင် စိတ်ကူး တည့်ရာလျှောက်ပြောနေသည့်အပြင် နိုင်ငံကို မအုပ်ချုပ်နိုင်၍ အာဏာလုပြီး နှစ်နှစ်ကြာ သည်အထိ အရေးပေါ်အခြေအနေဆိုပြီး သက်တမ်းခဏခဏတိုးနေသည်။

•    KNU နယ်မြေများတွင် တိုက်ပွဲနေ့စဉ်ရှိနေသလို ပဲခူးအရှေ့ခြမ်းကိုလည်း တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ စိုးမိုးထားနိုင်သည်။ကရင်နီတွင်လည်း စစ် ကောင်စီတပ်များ အထိနာနေသည်ကို ကြည့်ခြင်းဖြင့် စစ်ကောင်စီသည် နေပြည်တော်တွင် မကြာမီ ကာလများတွင် ခံစစ်ပြင်ရမည် အနေထားရောက်လာဖွယ်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required