အမေရိကန်တိုက်လေယာဉ်များ အိုက်စလန် တွင် တပ်ဖြန့်

အမေရိကန်တိုက်လေယာဉ်များ အိုက်စလန် တွင် တပ်ဖြန့်

ဝါရှင်တန်၊ ဧပြီ၊ ၃ ။            ။ လွတ်လပ်၍ လုံခြုံသော ဥရောပဖြစ်စေရန် ပူးပေါင်းဆောင်ရွက်သွားမည်ဟူသော ကတိကို အကောင်အထည်ဖော်သည့် အနေနှင့် အမေရိကန်ပြည်ထောင်စုက F-15 တိုက်လေယာဉ် ၁၂ စီးနှင့် လေတပ်သား ၃၅၀ ခန့်ကို ပြီးခဲ့သည့် သောကြာနေ့က အိုက်စလန်နှင့် နယ်သာလန်တို့သို့ ပို့ဆောင်တပ်ဖြန့်လိုက်ကြောင်း အမေရိကန်လေတပ်က ပြောကြား သည်။

အမေရိကန်တိုက်လေယာဉ်များနှင့် လေတပ်သားများသည် အိုက်စလန်တွင် NATO နှင့်ပူးပေါင်းကာ စုံစမ်းထောက်လှမ်းမှု မစ်ရှင်များ ဆောင်ရွက်သွားမည်ဖြစ်ပြီးနယ်သာလန်တွင် ပျံသန်းမှုလေ့ကျင့်ရေးအစီအစဉ်များလည်း လုပ်ဆောင် သွားမည် ဖြစ်သည်။

ဥရောပတွင် ရုရှားက ကျူးကျော်စွက်ဖက်မှုများထပ်မံမလုပ်ဆောင်နိုင်စေရန် ကြိုတင်ကာကွယ်သည့်အနေနှင့် အမေရိကန်ပြည်ထောင်စုက NATO နှင့်ပူးပေါင်းဆောင်ရွက်နေခြင်းလည်း ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသည် လာမည့်လအတွင်းတွင်လည်း ဖင်လန်နိုင်ငံသို့ တိုက်လေယာဉ် ၆ စီး စေလွှတ်သွားဦးမည်ဖြစ်သည်။

ယူကရိန်း၊ ခရိုင်းမီးယားဒေသအရေးတွင် ရုရှားကဝင်ရောက်ကျူးကျော်စွက်ဖက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်တွင် NATO နှင့် အမေရိကန်ပြည်ထောင်စုတို့ပူးပေါင်းပြီး Opreation Atlantic Resolve ကိုစတင်အကောင်အထည်ဖော်ခဲ့ကာ ယခု အမေရိကန်တိုက်လေယာဉ်များကို ဥရောပသို့တပ်ဖြန့်ခြင်းမှာ ထိုပူးပေါင်းဆောင်ရွက်မှု၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။

အိုက်စလန်သည် NATO အဖွဲ့ဝင်နိုင်ငံများအနက်တွင် စစ်တပ်မရှိသည့် တစ်နိုင်ငံတည်းသော နိုင်ငံဖြစ်ပြီး ကမ်းခြေ စောင့်တပ်ဖွဲ့အနည်းငယ်သာ ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly