ပဲခူးမြို့တွင် အနုကြမ်းစီးခံရပြီး ရွှေထည်အများအပြားပါသွား

By ရွှေနွယ် (မဇ္ဈိမ)
16 July 2023
ပဲခူးမြို့တွင် အနုကြမ်းစီးခံရပြီး ရွှေထည်အများအပြားပါသွား

ပဲခူးတိုင်းအရှေ့ခြမ်း၊ ပဲခူးမြို့တွင် ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်က နန်းတော် ရာရပ်ကွက်၊ အင်းဝန်(၈) လမ်းရှိ နေအိမ်တလုံးကို လက်နက်ကိုင်နှစ်ဦးမှ ဝင်ရောက်အနုကြမ်းစီးရာ ရွှေ ထည် အများအပြားပါသွားကြောင်း ဒေသခံတဦးကပြောသည်။

အဆိုပါနေအိမ်တွင် သားအမိနှစ်ဦး(သက်လတ်ပိုင်းသားတဦးနှင့် သက်ကြီးပိုင်းအရွယ်မိခင်တဦး)တည်းရှိ နေချိန်၌ သေနတ်နှင့်ဓားကိုင်ဆောင်ထားသူ အမျိုးသားနှစ်ဦးမှ ဝင်ရောက်အနုကြမ်းစီးခြင်းဖြစ်သည်ဟု သိရသည်။

“သူတို့အိမ်က ပုံနှိပ်စာအုပ်ချုပ်တဲ့လုပ်ငန်းလုပ်တယ်။ အမေလုပ်သူက စာအုပ်ချုပ်နေတယ်၊ သားက အနောက်မှာအိမ်သာသွားနေတဲ့အချိန် လူနှစ်ယောက်ရောက်လာပြီး တယောက်ကလွယ်အိတ်ထဲက သေ နတ် ထုတ်ချိန်တယ်၊ တယောက်က ဓားကိုင်ထားတယ်။ အိမ်ကိုမွှေနှောက်ပြီး ရွှေထည်တွေယူသွားတယ်။ လူကိုတော့ ဘာမှမလုပ်သွားဘူး” ဟု ပဲခူးမြို့ နန်းတော်ရာရပ်ကွက်တွင် နေထိုင်သူတဦးက မဇ္ဈိမကို ပြော သည်။

အဆိုပါ အနုကြမ်းစီးမှုတွင် ကလေးဆွဲကြိုးလေးကုံး၊ လူကြီးနားကပ်နှစ်ရံ၊ လက်ကောက်တကွင်း ပါသွား ကြောင်းသိရပြီး ကာလပေါက်စျေးဖြင့်တွက်ချက်ပြရန် အတိအကျမသိရှိကြောင်း ဒေသခံမှဆိုသည်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ပဲခူးမြို့မရဲစခန်းမှ လာရောက်စစ်ဆေးသွားပြီး အမှုဖွင့်ထားကြောင်းနှင့် ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့ နံနက်ပိုင်းအထိ တရားခံများကိုဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရသည်။

ပဲခူးတိုင်းအပါအဝင် မြန်မာနိုင်ငံအနှံရှိမြို့နယ်များတွင် ယခုနှစ်ပိုင်းအတွင်း ဓားပြတိုက် အနုကြမ်းစီးမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း ပဲခူးတိုင်း ပြည်မြို့တွင် နေအိမ်အတွင်းဝင်ရောက်၍ အမျိုးသမီးတဦး အားသတ်ဖြတ်ပြီး ပစ္စည်းများယူဆောင်သွားခဲ့ရာ အသက် ၃၀ အရွယ်အမျိုးသမီးတဦး သေဆုံးခဲ့ရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

#ပဲခူးမြို့
#နန်းတော်ရာရပ်ကွက်
#အနုကြမ်းစီး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly