ဒုသမ္မတနှစ်ဦးအား ကန့်ကွက်ကြောင်း မျိုးချစ်မြန်မာရဟန်းပျိုများသမဂ္ဂ ဆန္ဒပြ

ဒုသမ္မတနှစ်ဦးအား ကန့်ကွက်ကြောင်း မျိုးချစ်မြန်မာရဟန်းပျိုများသမဂ္ဂ ဆန္ဒပြ
ဒုသမ္မတနှစ်ဦး အလိုမရှိကြောင်း ဧပြီ ၂ရက်က မျိုးချစ်မြန်မာ့ ရဟန်းပျိုများ သမဂ္ဂက ဦးဆောင် ပြုလုပ်စဉ်။ (ဓာတ်ပုံ-သက်ကို)

ရန်ကုန်၊ ဧပြီ ၂ ။ ။ ဒုသမ္မတဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူတို့အား ဖယ်ရှားပေးရန် မျိုးချစ်မြန်မာရဟန်းပျိုများ သမဂ္ဂမှ ဦးဆောင်၍ ဧပြီ ၂ရက် နေ့လည်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန်အားကစားကွင်းတွင် ဆန္ဒပြခဲ့သည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးခြယ်တင်မြှောက်လိုက်သည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မှ တင်မြှောက်သည့် ဒုတိသမ္မတ ဦးမြင့်ဆွေတို့ကို ဒုတိယသမ္မတ ဖြစ်ထိုက်သူများ မဟုတ်ဟုဆိုကာ အမြန်ဆုံးဖယ်ရှားပေးရန် ဆန္ဒပြတောင်းဆိုကြခြင်းဖြစ်သည်။

"ဦးဇင်းတို့ဒီကနေ့လုပ်တဲ့ပွဲဟာ နိုင်ငံတော်ရဲ့ ထိပ်သီးပိုင်း ဒုသမ္မတနေရာမှာ နေရာယူထားတဲ့ ဖွဲ့စည်းပုံနဲ့မကိုက်ညီတဲ့ အများစုရဲ့ ဆန္ဒနဲ့မကိုက်ညီတဲ့ ဒုသမ္မတနှစ်ယောက်ကို အမြန်ဆုံးဖယ်ရှားပေးဖို့ လာတောင်းဆိုတဲ့ပွဲပါ"ဟု ဆန္ဒပြပွဲကိုဦးဆောင်သည့် ဆရာတော် တစ်ပါးက မိန့်ကြားသည်။

နေ့လည် ၁နာရီမှ ၂နာရီခွဲအထိ တစ်နာရီခွဲကြာ ပြုလုပ်သည့် ဆန္ဒပွဲတွင် ကိုယ်ကျိုးရှာ အမြတ်ထုတ်သူ ဒုသမ္မတနေရာနှင့် မကိုက်ညီပါ။ တိုင်းရင်းသားပြည်သူအများစုကို ကိုယ်စားမပြုသူ ဒုသမ္မတနေရာနှင့် မထိုက်တန်ပါ စသည့် ကြွေးကြော်သံများဖြင့် ကြွေးကြော်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly