KNU နယ်မြေမှာ စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် အရပ်သား ထိခိုက်သေဆုံးမှု များလာ (ရုပ်/သံ)

By KMN (မဇ္ဈိမ)
15 July 2023
KNU နယ်မြေမှာ စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် အရပ်သား ထိခိုက်သေဆုံးမှု များလာ (ရုပ်/သံ)

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာ ကရင်ပြည်နယ်မှာ  စစ်ကောင်စီက လက်နက်ကြီး နဲ့ ပစ်ခတ်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများလာ တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ပြောပါတယ်။

ကရင်ပြည်နယ်က ဒူးပလာယာခရိုင်၊ မူတြော်ခရိုင် ၊ခလယ်လွီထူခရိုင် ၊ဒူးသထူခရိုင် စတဲ့ ခရိုင်တွေမှာစစ်ကောင်စီ ခြေမြန်တပ်ရင်း (၂၇၅)၊  တပ်ရင်း (၃၁၄)၊ တပ်ရင်း (၄၁၀) စတဲ့  တပ်တွေက လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ဒါကြောင့် ဇူလိူင် လ ၁ ရက်နေ့ကနေ ၇ ရက်နေ့အတွင်း အရပ်သား နှစ်ဦး သေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ဇူလိူင် ၇ ရက်နေ့အထိ စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ကရင်ပြည်နယ်မှာ အရပ်သား  ၅၃ ဦးသေဆုံးခဲ့ပြီး ၁၃၇ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံက မဇ္ဈိမကိုပြောပါတယ်။

တင်ဆက်/တည်းဖြတ် - KMN

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly