Bitcoin မှ ကမ္ဘာတစ်၀န်းတွင် လူ့အခွင့်အရေးများကိုကူညီပေးနေပုံ

Bitcoin မှ ကမ္ဘာတစ်၀န်းတွင် လူ့အခွင့်အရေးများကိုကူညီပေးနေပုံ

(ယခု ဆောင်းပါးကို Bitcoin Myanmar Initiative မှ ထောက်ပံ့ထားသည်။)

[https://www.facebook.com/bitcoin.MM.initiatve](https://www.facebook.com/bitcoin.MM.initiatve"‌")

Bitcoin ဟာဗဟိုထိန်းချုပ်မှု မရှိတဲ့ကမ္ဘာပေါ်က digital ငွေကြေး ( Digital Gold တစ်ခုဖြစ်ပါတယ်။Bitcoinဟာသမာရိုးကျဘဏ်စနစ်ကိုအသုံးမပြုလိုတဲ့လူတစ်ဦးတစ်ယောက်ချင်းဆီရဲ့ပိုင်ဆိုင်မှုများကို စိတ်ချယုံကြည်စွာသိမ်းဆည်ထားနိုင်ရုံသာမကဘဲကမ္ဘာပေါ်ရှိလူ့အခွင့်အရေးကိစ္စများတွင်လည်းများစွာကူညီခဲ့ပါတယ်။ လုံခြုံစွာငွေလွဲနိုင်ခြင်းနှင့်လွတ်လပ်စွာသုံးစွဲနိုင်မှု အာဏာပိုင်များကကြိုးကိုင်မှုမရှိခြင်းတို့ကကမ္ဘာတစ်၀န်းကနိုင်ငံရေးတက်ကြွလှုပ်ရှားသူများ နှင့်လူ့အခွင့်အခွင့်အရေးကြိုးပမ်းနေသူများအတွက်များစွာအထောက်အကူဖြစ်စေခဲ့ပါတယ်။ ငွေကြေးဖောင်းပွမှုများနှင့်စီးပွါးရေးမတည်ငြိမ်မှုများရင်ဆိုင်နေရသော ဗင်နီဇွဲလားနိုင်ငံတွင်Bitcoinဟာအသက်သွေးကြောသဖွယ်ဖြစ်လာခဲ့ပါတယ်။ နိုင်ငံရဲ့ငွေကြေးတန်ဖိုးဟာလျင်မြန်စွာကျဆင်းသွားမှုကြောင့် ဗင်နီဇွဲလားနိုင်ငံသားများဟာ ၄င်းတို့ရဲ့ကြွယ်၀ချမ်းသာမှုများ ထိန်းသိမ်းနိုင်ရန် နှင့်တန်ဖိုးရှိပစည်းများကို ဆက်လက်၀ယ်ယူနိုင်ရန် Bitcoin ဟာပြောင်းလဲသုံးစွဲစရာတစ်ခုအနေနဲ့ဖြစ်လာခဲ့ပါတယ်။ Bitcoin ဟာလူတစ်ဦးတစ်ယောက်ချင်းစီအပေါ် အစိုးရရဲ့ထိန်းချုပ်မှုများမရှိဘဲကိုယ်ပိုင်စီမံခန့်ခွဲနိုင်မှုကခက်အခဲများကြားမှာရှင်သန်ဖို့အတွက်နည်းလမ်းတစ်ခုဖြစ်စေခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်တွင် ဗနီဇွဲလားကဲ့သို့ပင်နိုင်ငံရေးအခြေအနေပြင်းထန်ခဲ့သောဇင်ဘာဘွေနိုင်ငံတွင်လည်းငွေကြေးဖောင်းပွမှုများဖြစ်ပေါ်နေသောအခြေအနေတွင် Bitcoin ကို အသုံးပြုကာလျင်မြန်စွာကျဆင်းနေသောနိုင်ငံငွေကြေးအကြပ်တည်းများကြားတွင်မိသားစုများကိုဆက်လက်ထောက်ပံ့နိုင်ခဲ့ပါတယ်။ နောက်ပြီးတင်းကြပ်သော ဗဟိုထိန်းချုပ်မှုရှိပြီးရင်းနှီးမြှုပ်နှံမှုများကိုစောင့်ကြည့်လျက်ရှိသောတရုတ်နိုင်ငံတွင်လည်းအစိုးရမှစောင့်ကြည့်မှုမခံလိုသူများနှင့်နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကြားတွင် Bitcoin ဟာရေးပန်းစားလျက်ရှိပါတယ်။ Bitcoinဟာလွတ်လပ်စွာပြောဆိုနိုင်ခွင့်များအတွက်လည်းကူညီပေးနေလျက်ရှိပါတယ်။ နိုင်ငံအတွင်းအကျင့်ပျက်ချစားမှုငွေကြေးဖောင်းပွမှု နှင့်သမာရိုးကျဘဏ်၀န်ဆောင်မှုလုပ်ငန်းများ အကန့်အသတ်ဖြင့်ရသောနိုင်ဂျီးရီးယားနိုင်ငံတွင်လည်း Bitcoin ဟာအရေးပါသောကဏ္ဍတစ််ခုမှပါ၀င်နေလျက်ရှိပါတယ်။ လူငယ်အရေအတွက်များပြားလာခြင်းနှင့်အတူ Bitcoin ဟာစွန့်ဦးတီထွန်မှုများနှင့်စီးပွားရေးဆိုင်ရာများအတွက်လည်းအခွင့်အလမ်းများရရှိစေပါတယ်။ Paxel နှင့် Binance ကဲ့သို့သော Platform များသည် နိုင်ဂျီးရီးယားလူမျိုးများအတွက်နယ်စပ်ဖြတ်ကျော်ကူးသန်းရောင်း၀ယ်ရေး၊ကမ္ဘာ့နိုင်ငံများစျေးကွက်များသို့၀င်ရောက်နိုင်မှုနှင့်သူတို့ရဲ့ လူမှုအကျိုးစီးပွါးကိုတိုးတက်စေရန်အထောက်အကူပြုလျှက်ရှိပါတယ်။ဟောင်ကောင်နှင့်မြန်မာနိုင်ငံတွင်လည်းနိင်ငံရေးတက်ကြွလှုပ်ရှားသူများ ဒီမိုကရေစီလှုပ်ရှားမှုများအကြားတွင်ငွေကြေးဆိုင်ရာထောက်ပံ့မှုရန်ပုံငွေရှာဖွေခြင်းများကိုဖြတ်တောက်ခြင်းပိုင်ဆိုင်မှုဘဏ်အကောင်းများကို ပိတ်သိမ်းခြင်းမှ ကာကွယ်ရန်သမာရိုးကျဘဏ်စနစ်ကိုရှောင်ရှားနှင့်ဆေးဝါးနှင့်

စစ်ဘေးရှောင်နေရသူများအတွက်ကူညီထောက်ပံ့ရာတွင်လည်း Bitcoin ဟာများစွာအကူအညီအထောက်အပံ့ဖြစ်စေခဲ့ပါတယ်။ အာဂျင်တီးနားနိုင်ငံတွင်လည်းငွေ ကြေးတန်ဖိုးများကျဆင်းမှုငွေဖောင်းပွမှုများကြောင့်ဆန္ဒပြတဲ့ ထဲ မှာ Slogan တွေမှာ ပုံမှန်  “ We want to be Free “ တို့အပြင်ထူးခြားနေတဲ့ တစ်ခုကတော့ “ Bitcoin to the moon “ ဆိုတဲ့ ဆိုင်းဘုတ်တွေကိုင်ဆောင် ပြီးတော့ ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့သလိုမျိုး Bitcoin နဲ့ပတ်သတ်တဲ့ Slogan ကိုင်ဆောင်ပြီး ဆန္ဒ္ဒပြတာကတော့ ပထမ ဆုံးအသစ် အဆန္ဒ်းတော့ မဟုတ်ပါဘူး။ ၂၀၁၃ ခုနှစ် ဗဲနီဇွဲလား နိုင်ငံ ရဲ့ ငွေတန်ဖိုးကျဆင်းမှု ကြောင့်ဆန္ဒ ပြတဲ့ အချိန်တွေတုန်း ကလည်း Bitcoin ဟာ  ပါ၀င်ခဲ့ပါသေးတယ်။ Bitcoinဟာစီးပွါးရေးမတည်ငြိမ်မှု များနဲ့ ငွေကြေး ပြသနာကို အစားထိုးဖြေရှင်းနိုင်တဲ့ အစားထိုးနည်းလမ်းတစ်ခုအဖြစ် လူတွေက ယုံကြည်ကြတဲ့ အတွက် ယခုလိုနိုင်ငံ စီးပွားရေး ပြသနာရဲ့ဆန္ဒပြမှု တွေမှာ ပါ၀င်နေတာပါ။ မယုံကြည်ရတဲ့ လိမ်လည်မှုတွေ နဲ့ ပေါ် လစီတွေခဏခဏပြောင်းလဲ နေတဲ့ သမာရိုးကျဘဏ်ငွေကြေးစနစ် ကြောင့်လူတွေက သူတို့ ရဲ့  ကြွယ်၀ချမ်းသာမှု တွေကိုခိုင်မာစွာထိန်းသိမ်းဖို့ အတွက် Bitcoin ကိုရွေးချယ်စရာတစ်ခု အဖြစ် မြင်လာပါတယ။ ထို့အပြင် Bitcoin ကို El Salvador နိုင်ငံတွင်တရား၀င်ငွေကြေးအဖြစ်သုံးစွဲလျက်ရှိပြီး မကြားသေးခင်ကပင် Georgia နိုင်ငံတွင် Bitcoin စနစ်ပိုမိုထွန်းကားရန်နှင့် P2P စနစ်တည်ဆောက်ပုံများပိုမိုကောင်းမွန်စေရန် Tether နဲ့ Georgia လက်မှတ်ရေးထိုးခဲ့ကြပြီးကမ္ဘာ့နိုင်ငံတချို့တွင်လည်းတရား၀င်ငွေကြေးဖြစ်စေရန်ကြိုးပမ်းနေကြလျက်ရှိပါတယ်။ Bitcoin ကကမ္ဘာတစ်၀န်းရှိလူ့အခွင့်အရေးကိစ္စရှိလူ့အခွင့်အရေးကိစများတွင်ပိုမိုကောင်းမွန်အောင်ကူညီနေသည်မှာငြင်းဆိုမရတဲ့အမှန်တရားတစ်ခုဖြစ်ပါတယ်။ Bitcoin ရဲ့ ဗဟိုထိန်းချုပ်မှုကင်းခြင်း၊ခိုင်မာသောBlockchain နည်းပညာများက ကမ္ဘာတွင်လူ့အခွင့်အရေးဆိုင်ရာလွတ်လပ်မှု နှင့်တရားမျှတမှု ကို မြှင့်တင်ပေးနိုင်ကြောင်း အထက်တွင် ဖော်ပြခဲ့သော နိုင်ဂျီးရီးယား၊ ဟောင်ကောင်၊ မြန်မာစတဲ့ အဖြစ်အပျက်များကသက်သေပြနေလျက်ရှိပါတယ်။ 

Ref ; Reason : Bitcoin is protecting human rights around the world

Reddit : Hundreds of people in Argentina forming the shape of a Bitcoin in 

protest during soaring inflation

(ယခု Bitcoin Myanmar Initiative Page မှ ကျွန်တော်တို့ ခေတ်ရဲ့ လွဲမှားနေတဲ့ စနစ်၊ Bitcoin နှင့် တခြားသော နည်းပညာများ အကြောင်းကို မျှဝေသွားမည် ဖြစ်သည်။ မျှဝေချက်များမှာ ပညာရေး အတွက်သာ ရည်ရွယ်ချက်ခြင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံ့မှု တိုက်တွန်းချက်မပါဝင်ပါ။)

Telegram တွင် စောင့်ဖတ်ရန် → [https://t.me/BitcoinMyanmarEDU](https://t.me/BitcoinMyanmarEDU "smartCard-inline")
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly