ရီးယဲလ်အသင်းနှင့် ချန်ပီယံလိဂ်ဖလား ရရှိလိုပြီး စပါးအသင်းကို ပရီးမီးယားလိဂ်ဖလား ရစေလိုဟု ဂါရတ်ဘေးလ်

ရီးယဲလ်အသင်းနှင့် ချန်ပီယံလိဂ်ဖလား ရရှိလိုပြီး စပါးအသင်းကို ပရီးမီးယားလိဂ်ဖလား ရစေလိုဟု ဂါရတ်ဘေးလ်

ဧပြီ ၃၊ စပိန် ။           ။ ဘာစီလိုနာအသင်းကို နူးကမ့်ကွင်းတွင် အနိုင်ရပြီးနောက်တွင် ရီးယဲလ်တိုက်စစ်ကစားသမား ဂါရတ်ဘေးလ်က ယခုနှစ်ရာသီတွင် ရီးယဲလ်အသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလား ရရှိလိုပြီး အသင်းဟောင်း စပါးကို ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်စေလိုကြောင်း ပြောဆိုလိုက်သည်။

ဘာစီလိုနာကို အနိုင်ရသည့်ပွဲတွင် ဂိုးသွင်းယူနိုင်ခြင်း မရှိသော်လည်း ဂါရတ်ဘေးလ်သည် အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်ခဲ့သည်။

ဘေးလ်က 'ဘာစီလိုနာကို အနိုင်ရတဲ့ ခြေစွမ်းကို ချန်ပီယံလိဂ်မှာလည်း ဆက်လက် ပြသနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့အသင်း ခြေစွမ်းကောင်းရတဲ့ နေ့ဆို ဘယ်အသင်းကိုမဆို အနိုင်ကစားနိုင်တယ်ဆိုတာ ကျွန်တော်တို့ သိပြီးသားပါ။

လာလီဂါနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲက ပြီးဆုံးဖို့ ပွဲတွေ ကျန်ပါသေးတယ်။ ကျွန်တော်တို့ ဆက်လက်ပြီး အာရုံစိုက်သွားရမှာပါ။ လာလီဂါမှာ ချန်ပီယံဖြစ်ဖို့ မလွယ်ဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ ဒီရလဒ်က အခွင့်အလမ်း ဖန်တီးနိုင်ခဲ့တာပါ။ ကျွန်တော်တို့ လုပ်နိုင်တယ်ဆိုတာ သိပါတယ်။

ချန်ပီယံလိဂ်မှာလည်း ဆက်ပြီး အာရုံစိုက်သွားမှာပါ။ ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့ရင် ပြီးပြည့်စုံတဲ့ ရာသီအဆုံးသတ်ဖြစ်ပါလိ့မ်မယ်' ဟု ပြောသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly