မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်ခံရ

By မောင်ခက်နွေ (မဇ္ဈိမ) 
12 July 2023
မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်ခံရ

မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ ထုတ်ပြန်သည်။ 

ဇူလိုင်လ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် မုံရွာ နမခ ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် သွားရောက်ပစ်ခတ် ခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ရှိသူ ကိုအောင်ကျော်က မဇ္ဈိမသို့ ပြော သည်။

“ရန်သူ့တပ်စခန်းထဲက အထိအခိုက်အခြေအနေကို စုံစမ်းရတာဖြစ်လို့ တိကျတဲ့အဖြေမျိုးရဖို့ ကြန့်ကြာ တာမျိုးတွေ ရှိပါတယ်ဗျ။ အခြေအနေကိုသိရတာနဲ့ ကျနော်တို့ ထုတ်ပြန်ချက်တွေ ထုတ်ပြန်‌ကြေညာပါ တယ် ” ဟု ၎င်းကပြောသည်။

ယခင်တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ လက်နက်ကြီးများဖြင့်ပြန်လည် ပစ်ခတ်လေ့ရှိ သော်လည်း ယခုရှော့တိုက်ဒုံးဖြင့်ပစ်ခတ်မှုတွင် ပြန်လည်တုံ့ပြန်ခြင်း မရှိခဲ့ကြောင်း ကိုအောင်ကျော်က ဆိုသည်။

တိုက်ခိုက်မှုကို မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ကပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့ကလည်း အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ ၁၀၇ မမ သုံးလုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

“ ၅ ရက်နေ့က ပစ်ခတ်မှုကတော့ ထုတ်ပြန်ချက်ထဲပါတဲ့အတိုင်း စစ်ကောင်စီတပ်သား ၉ ယောက် ထိတာ ကို အတည်ပြုနိုင်ခဲ့ပါတယ် ” ဟု ကိုအောင်ကျော်က ရှင်းပြသည်။

သို့သော် အထိအခိုက်၊ အပျက်အစီးများနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် ဒေသခံများထံမှ သီးခြား အတည် ပြုနိုင်ခြင်း မရှိသေးပေ။

ဇူလိုင်လဆန်းပိုင်းကတိုက်ခိုက်မှုကို  မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် မုံရွာခရိုင်အမှတ် (၅) တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly