တိုက်ပွဲဖြစ်ပွားနိုင်၍ ကျောက်ထု - မင်းတပ်လမ်း ရက်အကန့်သတ်မရှိ ဖြတ်သန်းခွင့်ပိတ်ပင်

By ပါခွီး (မဇ္ဈိမ)
10 July 2023
တိုက်ပွဲဖြစ်ပွားနိုင်၍ ကျောက်ထု - မင်းတပ်လမ်း ရက်အကန့်သတ်မရှိ ဖြတ်သန်းခွင့်ပိတ်ပင်

စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလှုပ်ရှားလာနိုင်သဖြင့် ကျောက်ထု-မင်းတပ်လမ်းကို ရက် အကန့်အသတ်မရှိ ဖြတ်သန်းသွားလာခွင့်မပြုကြောင်း ချင်းကာကွယ်ရေးတပ်(မင်းတပ်) CDF – Mindat က ဇူလိုင်လ ၉ ရက်နေ့က ထုတ်ပြန်ထားသည်။

မကွေးတိုင်း၊ ကျောက်ထုနှင့် ချင်းပြည်နယ်၊ မင်းတပ်လမ်းပိုင်းတွင် စစ်ကောင်စီတပ်၏ လှုပ်ရှာမှုများရှိနေ သောကြောင့် တိုက်ပွဲအချိန်မရွေးဖြစ်ပွားနိုင်သဖြင့် ထုတ်ပြန်ရခြင်းဟုဆိုသည်။

ကျောက်ထုတပ်မှထွက်လာသော စစ်ကောင်စီတပ်များသည် ကျောက်ထုမြို့နယ် မြို့ပေါက်ကျေးရွာ အနောက်ဖက်နှင့် ပေါက်ခေါင်းကျေးရွာ၊ မင်းကြည်ကျေးရွာတို့သို့ ရောက်ရှိနေကြောင်း ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

“ကျောက်ထုအထွက်က တံတားပျက်နေတာ။ မိုးကလည်းရွာနေတော့ ရေကျတဲ့အထိစောင့်ရမယ်။ ရေ ကြီးပြီး ကားပြန်ထွက်လို့မရလို့ ရှိတဲ့အင်အားနဲ့ နယ်မြေရှင်းလင်းရေးထွက်ရင် တိုက်ပွဲက ဆက်တိုက်ဖြစ် နိုင်တဲ့အနေအထားပဲ” ဟု CDF – Mindat စစ်ဒေသမှူး ဆလိုင်နိုင်တမ်း က မဇ္စျိမ ကိုပြောသည်။

ယခုထွက်လာသော စစ်ကောင်စီတပ်မှာ ယာဉ်ကိုးစီးနှင့် အင်အား ၂၀၀ ဦးခန့်ရှိပြီး ကျောက်ထု လေယာဉ် ကွင်းအတွင်း၌ ယာဉ်အစီး ၆၀ ခန့်ရှိကြောင်းဆိုသည်။

ထို့အတူ စစ်ကောင်စီတပ်သည် လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်း ပစ်ခတ်လေ့ရှိသဖြင့် ပြည်သူ များအနေဖြင့် စစ်ကြောင်းနီးမှတိမ်းရှောင်ခြင်းမျိုးမပြုလုပ်စေလိုဘဲ ပအဖ၊ ပကဖ များနှင့် အဆက်အသွယ် မပြတ်ကြရန်လိုကြောင်း ဆိုသည်။

ယောနယ်ဖက်တွင် အထိုင်လက်နက်ကြီးပစ်ကူပေးမှု သိပ်မရှိသေးသော်လည်း ပြည်သူ့ကာကွယ်ရေးတပ် များအင်အားလာကြီး၍ ကျောက်ထုလေယာဉ်ကွင်းတွင် နယ်ခြားစောင့်အမြောက်တပ်ထိုင်ထားသော ကြောင့် သတိထားကြစေလိုကြောင်း ဆလိုင်နိုင်တမ်း က ပြောသည်။

ကျောက်ထုအမြောက်တပ်တွင်ရောက်ရှိနေသည့် စစ်ကောင်စီရိက္ခာပို့ယာဉ်များသည် ဆောမြို့နယ်ဖက် သို့ ထွက်ခွာလာနိုင်သဖြင့် ဆော-ကျောက်ထုလမ်းပိုင်း၌ မိဘပြည်သူများအနေဖြင့် မလိုအပ်ဘဲခရီးသွား လာခြင်းရှောင်ရှားကြရန်လည်း ဂန့်ဂေါခရိုင် အမှတ် (၁၃) တပ်ရင်း က ဇူလိုင်လ ၉ ရက်နေ့တွင် သတိပေး ထုတ်ပြန်ထားသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

#ကျောက်ထု
#မင်းတပ်
#ဖြတ်သန်းခွင့်
#CDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly