စားနပ်ရိက္ခာလိုအပ်ချက် ကူညီပေးကြရန် သပိတ်ကျင်း ပ.က.ဖ တောင်းဆို

By ဂန္ဒမာ (မဇ္ဈိမ)
10 July 2023
စားနပ်ရိက္ခာလိုအပ်ချက် ကူညီပေးကြရန် သပိတ်ကျင်း ပ.က.ဖ တောင်းဆို

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၎င်းတို့အဖွဲ့အတွက် မိုးတွင်းကာလ စားနပ်ရိက္ခာလိုအပ်ချက်အား ကူညီပေးကြရန် တောင်းဆိုထားသည်။

မိုးတွင်းကာလ၌ လမ်းပန်းဆက်သွယ်ရေးခက်ခဲသဖြင့် တမြို့နယ်လုံးစာအတွက် ရိက္ခာဝယ်ယူစုဆောင်း ရခြင်းဖြစ်သောကြောင့် ရန်ပုံငွေလိုအပ်ချက် များပြားကြောင်း သပိတ်ကျင်း ပ.က.ဖ မှ တာဝန်ရှိသူကပြော သည်။

“လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ မိုးတွင်းကာလဖြစ်လို့ ဆန်၊ ဆီ၊ ဆား စတဲ့ စားနပ်ရိက္ခာတွေကို တမြို့ နယ်လုံးစာ တစုတစည်းတည်းဝယ်ယူစုဆောင်းနေရပါတယ်။ တမြို့နယ်လုံးစာကို တပြိုင်တည်းစုဆောင်း ရတာဖြစ်လို့ ရန်ပုံငွေ အတော်လိုအပ်နေပါတယ်” ဟု ဆိုသည်။

သပိတ်ကျင်းမြို့နယ် ပ.က.ဖသည် NUG မှ ချမှတ်ထားသည့်လမ်းစဉ်အတိုင်း မြို့နယ်တွင်းရှိ  ပြည်သူ့ကာ ကွယ်‌ရေးတပ်ဖွဲ့များ၊ မြို့နယ်အတွင်းရောက်ရှိလာသည့် တပ်ရင်းတပ်ဖွဲ့များကိုပါ စားနပ်ရိက္ခာထောက်ပံ့ ရကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မြို့နယ်တွင်းအဖွဲ့အစည်းများသည် စစ်ဒေသ၏ ကွပ် ကဲမှုအတိုင်း စစ်ရေးဖော်ဆောင်နေရပြီး သပိတ်ကျင်းမြို့နယ်သည် စစ်ရေးအရ သိုသိပ်စွာလုပ်‌ဆောင် ရသဖြင့် တိုက်ပွဲသတင်းထုတ်ပြန်ချက်တိုင်းအား ထုတ်ပြန်ခွင့်မရှိကြောင်း ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် သပိတ်ကျင်းမြို့နယ်အား အာရုံစိုက်မှုနည်းပြီး ထောက်ပံ့မှုလည်းအနည်း အကျဉ်းသာရှိကြောင်း ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သပိတ်ကျင်းမြို့နယ်- ပ.က.ဖအတွက် The Crows ရန်ပုံငွေ ရှာဖွေရေးအဖွဲ့မှ  စားနပ်ရိက္ခာထောက်ပံ့နိုင်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။

“သပိတ်ကျင်း PDF ဆိုတာ တကယ်လည်း မန္တလေး ဗန်းမော်တစ်လျှောက်မှာ အာဏာရှင်ကို ရရင်ရသလို တော်လှန်နေတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။ လိုအပ်နေတဲ့ သပိတ်ကျင်း PDF အတွက် မိုးတွင်းရိက္ခာကမ့်ပိန်းကို ကျနော်တို့က “ရိက္ခာထောက်ပို့ မန်းမြေသို့” လို့ နာမည်ပေးထားပြီး အားလုံးပူးပေါင်းဆောင် ရွက်ခဲ့ကြ တာပါ” ဟု The Crows မှ တာဝန်ရှိသူတဦးက ပြောသည်။

သပိတ်ကျင်းမြို့နယ် ပ.က.ဖ အား ရိက္ခာထောက်ပို့ရာတွင် ဆန်တအိတ် ၃၀,၀၀၀ ကျပ်၊ ငါးနီတူ တအိတ် ၁၀,၀၀၀ ကျပ် ၊ အားလူးတစ်အိတ် ၅,၀၀၀ ကျပ်ဖြင့် ထောက်ပံ့နိုင်မည်ဖြစ်ကြောင်း သိရသည်။

သပိတ်ကျင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ၂၀၂၁ ခုနှစ် မေလ ၂၀ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး အမျိုး သားညီညွတ်ရေးအစိုး၏ လမ်းညွှန်မှုအောက်တွင်ရှိနေကာ လျှို့ဝှက်စွာ စစ်ရေးဖော်ဆောင်နေသည့်အဖွဲ့ ဖြစ်ကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

#မန္တလေးတိုင်း
#သပိတ်ကျင်းမြို့နယ်
#ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#ရိက္ခာထောက်ပို့မန်းမြေသို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly