ထိုင်းနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သို့ နေ့ချင်းပြန်လာရောက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်တွေ့ဆုံ

By မဇ္ဈိမ 
10 July 2023
ထိုင်းနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သို့ နေ့ချင်းပြန်လာရောက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်တွေ့ဆုံ

ထိုင်းနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ ဒုဝန်ကြီးချုပ်လည်းဖြစ်သူ ဒွန်ပရာ မူဝီနိုင်း (Don Pramudwinai) ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီနဲ့တွေ့ဆုံခဲ့မှု သတင်းကို မထုတ်ပြန်ဘဲ စစ်ကောင်စီက လျှို့ဝှက်ထားကြောင်း သိရပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့  တွေ့ဆုံခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai က နေပြည် တော်သို့ ထိုင်းစစ်တပ် အထူးလေယာဉ်ဖြင့် လာရောက်ခဲ့ပြီး ဇူလိုင်လ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်မှာ  ပြန်လည် ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီကို အကာအကွယ်ပေး ထိတွေ့ဆက်ဆံနေတဲ့  ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinaiရဲ့ နေ့ချင်းပြန် ခရီးစဉ်ဟာ အကြမ်းဖက် မင်းအောင်လှိုင်ကို နောက်ဆုံး လာရောက်တွေ့ဆုံတဲ့ ခရီးစဉ်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေး မတိုင်မီ လာရောက်ခြင်းလည်းဖြစ်ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး လည်းဖြစ်၊ ဒုဝန်ကြီးချုပ်လည်းဖြစ်သူ Don Pramudwinai ဟာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ခေါ်ကာ မြန်မာ့အရေး ဆွေးနွေးပွဲကို လုပ်ဆောင်ခဲ့တာကြောင့် နိုင်ငံတကာရဲ့ အပြင်းအထန် ဝေဖန်မှုကို ခံနေရသူလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly