ဆိုစီဒက်နှင့်ပွဲမတိုင်မီ ဆီဗီလာအသင်း ထူးခြားသည့် ပွဲကြို ပြင်ဆင်မှု ပြုလုပ်

ဆိုစီဒက်နှင့်ပွဲမတိုင်မီ ဆီဗီလာအသင်း ထူးခြားသည့် ပွဲကြို ပြင်ဆင်မှု ပြုလုပ်

ဧပြီ ၂၊ ဆီဗီလာ ။           ။ စပိန်လာလီဂါကလပ် ဆီဗီလာအသင်းသည် ပြီးခဲ့သည့် သောကြာနေ့က ပုံမှန်လေ့ကျင့်ရေး အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီး ထူးခြားသည့် ပွဲကြို ပြင်ဆင်မှုတစ်ခုကို   ပြုလုပ်ခဲ့သည်။

ဆီဗီလာအသင်းနည်းပြ အမ်မရီသည် ရီးယဲလ်ဆိုစီဒက်အသင်းနှင့် ယှဉ်ပြိုင်ရမည့် လာလီဂါပွဲမတိုင်မီတွင် အသင်းသားများအားလုံးကို paintball ပြိုင်ပွဲ(ဆေးရောင်စုံဘောလုံးကျည်ဆန်ဖြင့် စစ်တိုက်တမ်းကစားနည်း) ပြိုင်ပွဲကို ယှဉ်ပြိုင်စေသည်။

ဆီဗီလာအသင်းသားများသည် ပျော်ရွှင်စွာဖြင့် အတူတကွ ကစားခဲ့ကြပြီး နောက်ဆုံးတွင် အတူတကွ အစားအသောက်များစားသောက်ခဲ့ကြကာ ပြိုင်ပွဲကို အဆုံးသတ်ခဲ့သည်။

ထိုပြိုင်ပွဲတွင် ခရွန်ဒီလီ၊ ကာရီကိုနှင့် ဘာနီဂါတို့ ဝင်ရောက်ကာ ကစားခြင်း မရှိခဲ့ကြပေ။

ဆီဗီလာအသင်းသည် လက်ရှိအချိန်တွင် လာလီဂါ၌ ရမှတ် ၄၈ မှတ် ရရှိထားပြီး အမှတ်ပေးဇယား အဆင့်ခြောက်နေရာတွင် ရပ်တည်လျက်ရှိသည်။ ချန်ပီယံလိဂ်ဝင်ခွင့်နေရာမှ အသင်းနှင့် ခြောက်မှတ်သာကွာဟလျက်ရှိသည်။

ရည်ညွှန်း မာကာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly