ပြည်သူ့ဝန်ထမ်းများ သမဂ္ဂ စတင်ဖွဲ့စည်း 

By လင်းသူရိန်/ရုပ်သံ (မဇ္ဈိမ)
09 July 2023
ပြည်သူ့ဝန်ထမ်းများ သမဂ္ဂ စတင်ဖွဲ့စည်း 

ပြည်သူ့ဝန်ထမ်းများသမဂ္ဂကို ဖွဲ့စည်းကြောင်း ၂၀၂၃ ခုနှစ် ဇူလိုင်လ ၅ရက်နေ့မှာ သမဂ္ဂရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ပြည်သူလူထုကို ထုတ်ပြန်အသိပေးခဲ့ပါတယ်။

CDMဝန်ထမ်းများနဲ့ အတူရပ်တည်ဆောင်ရွက်ဖို့အပြင် နိုင်ငံရေးရည်မှန်းချက်တွေနဲ့ သမဂ္ဂကိုဖွဲ့စည်းတာဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်လင်းထွန်းက မဇ္ဈိမကိုပြောပါတယ်။

"ကျနော်တို့လုပ်ငန်းစဉ်ကတော့ ကျစ်လျစ်ခိုင်မာပြီးအားကောင်းတဲ့ သမဂ္ဂတစ်ရပ်တည်ဆောက်မယ်။ ပြီးတဲ့ အခါမှ စစ်သုံးစစ်ဆန့်ကျင်ရေး သဘောထားရှိကြတဲ့ ရည်ရွယ်ချက်တူတဲ့ သမဂ္ဂအဖွဲ့အစည်းတွေနဲ့ မဟာမိတ်ဆက်ဆံရေးတည်ဆောက်မယ်။ CDM  ဝန်ထမ်းများကို တတ်အားသရွေ့ရပ်တည်ပံ့ပိုးဖို့ ရည်ရွယ်ချက်တွေရှိပါတယ်" လို့ သူက ပြောပါတယ်။ 

သမဂ္ဂကို ၂၀၂၂ခုနှစ် ဩဂုတ်လက စတင်တည်ထောင်ခဲ့ပေမယ့် လိုအပ်တဲ့  ပြင်ဆင်မှုတွေအပြင် ဖွဲ့စည်းပုံ ရေးဆွဲရေးတွေ ဆောင်ရွက်နေရတဲ့အတွက် ယခုချိန်တွင်မှ ပြည်သူလူထုကို အသိပေးရခြင်းဖြစ်တယ်လို့ ၎င်းကဆက်ပြောပါတယ်။

စာတည်း။ ။အောင်ကျော်ဖြိုး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly