၆ လအတွင်း စစ်ကောင်စီတပ်မှ တပ်ရင်းမှူး ၅ ဦး၊ ဒုရင်းမှူး ၅ ဦး၊ ဗိုလ်ကြီး ၉ ဦး အပါအဝင်  ၂,၆၃၂ ဦး သေဆုံးဟု KNU ထုတ်ပြန်

၆ လအတွင်း စစ်ကောင်စီတပ်မှ တပ်ရင်းမှူး ၅ ဦး၊ ဒုရင်းမှူး ၅ ဦး၊ ဗိုလ်ကြီး ၉ ဦး အပါအဝင်  ၂,၆၃၂ ဦး သေဆုံးဟု KNU ထုတ်ပြန်
Photo - AFP

ခြောက်လအတွင်း တိုက်ပွဲပေါင်း ၂,၅၀၀ နီးပါးဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ တပ်ရင်းမှူးငါးဦး၊ ဒုရင်းမှူးငါးဦး၊ ဗိုလ်ကြီးကိုးဦးအပါအဝင် စုစုပေါင်း ၂,၆၃၂ ဦးသေဆုံးခဲ့သည်ဟု KNU က တရားဝင် သတင်းထုတ်ပြန်သည်။

ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇွန်လ ၃၀ ရက်နေ့အထိ ခြောက်လ တာ ကာလအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ် ရေးတပ်ဖွဲ့ (K.N.D.O)၊ KNLA နှင့် KNDOတို့ ၏ စစ်ရေးကွပ်ကဲမှု အောက်ရှိ ပူးပေါင်းတပ်ဖွဲ့များနှင့် အာဏာ သိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များအကြား တိုက်ပွဲကြီးငယ်ပေါင်း၂,၄၉၅ ကြိမ် ဖြစ်ပွားခဲ့ကြောင်းဆို သည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူးငါးဦး၊ ဒုရင်းမှူးငါးဦး၊ ဗိုလ်ကြီးကိုးဦး၊ ဗိုလ်လေး ဦး၊ အရာခံဗိုလ်ငါးဦးအပါအဝင် စုစုပေါင်း ၂,၆၃၂ ဦးသေဆုံးပြီး ဒုရင်းမှူးတဦးအပါအဝင် စုစုပေါင်း ၁,၆၈၅ ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်။

ထို့ပြင် စစ်ဆင်ရေးများအတွက် စစ်ကောင်စီတပ်များအသုံးပြုသော မော်တော်ယာဉ် ၉၉ စီး ပျက်စီးခဲ့သည် ဟု KNU က ထုတ်ပြန်သည်။

တိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ် ရေးတပ်ဖွဲ့ (K.N.D.O)၊ KNLA နှင့် KNDO တို့၏ စစ်ရေးကွပ်ကဲမှုအောက်ရှိ ပူးပေါင်းတပ်ဖွဲ့များဘက်မှ တိုင်းပြည်နှင့်လူမျိုးအတွက် ၇၆ ဦး မြင့်မြတ်စွာအသက်ပေးလှူခဲ့ရပြီး ၂၅၇ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု KNU က ဆိုသည်။

တိုက်ပွဲများ ဆက်တိုက်နီးပါးဖြစ်ပွားသကဲ့သို့ ကော်သူးလေအုပ်ချုပ်နယ်မြေများအတွင်း စစ်ဘေးရှောင် ဦးရေ ၅၉၉,၄၀၀ ဦး ထိရှိလာပြီး စစ်ဘေးရှောင်ပြည်သူလူထုများမှာ အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့ နေရသည်ဟု KNU ကထုတ်ပြန်သည်။

၂၀၂၂ ခုနှစ် ဇူလှိုင်လမှ ၂၀၂၃ ခုနှစ် ဇွန်လအထိ စစ်ဘေးရှောင် အိမ်ထောင်စု ၅၄,၄၉၄ စုရှိ လူဦးရေ ၂၆၉,၆၃၁ ဦးအတွက်ကူညီထောက်ပံ့ခဲ့ပြီး မိုးရာသီဖြစ်၍ စစ်ဘေးရှောင်ပြည်သူများအတွက် နေရာထိုင် ခင်းအတွက် အမိုးအကာများနှင့် စားနပ်ရိက္ခာ မလုံလောက်မှု  အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့ နေရပြီး အရေးပေါ် လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်လျက်ရှိသည်ဟု KNU ကဆို သည်။

စစ်ကောင်စီဘက်ကလည်း စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်ရေး ချိုးဖောက်မှု ပုံစံအမျိုးမျိုးကို ကျုးလွန်နေ သည်ဟု KNU က တရားဝင်သတင်း ထုတ်ပြန်သည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

#ကော်သူးလေအုပ်ချုပ်နယ်မြေ
#တိုက်ပွဲ
#စစ်ဘေးရှောင်
#K.N.L.A
#K.N.D.O

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly