စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ခဲ့သည့် ရွာပေါင်းစုံသပိတ် 

By ပါခွီး (မဇ္ဈိမ)
09 July 2023
စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ခဲ့သည့် ရွာပေါင်းစုံသပိတ် 

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာများမှ ဒေသခံများ စုပေါင်း၍  စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ယနေ့ ဇူလိုင်လ၉ရက် ပြုလုပ်ကြသည်။ 

လူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ကြွေးကြော်သံများ ဟစ်ကြွေး ချီတက်ခဲ့ကြပြီး သွေးမော်ကွန်းသီချင်းကို သံပြိုင်သီဆိုကြကာ ကျဆုံးခဲ့သော အာဇာနည်များကို အလေးပြုခဲ့ကြသည်။

ယနေ့ဆန္ဒပြချီတက်မှုသည် ရွာပေါင်းစုံသပိတ်စစ်ကြောင်း၏ စစ်အာဏာ ရှင်ဆန့်ကျင်ရေး ရက်ပေါင်း (၈၃၉) ရက်အဖြစ် ချီတက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ယင်းမာပင်နှင့် ဆာလင်းကြီးကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင် ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ယင်းမာပင်
#ဆားလင်းကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly