အမေရိကန် သမ္မတလောင်းများ ထဲမှ Bitcoin ကို အားပေးထောက်ခံနေသူ ၄ ဦး 

အမေရိကန် သမ္မတလောင်းများ ထဲမှ Bitcoin ကို အားပေးထောက်ခံနေသူ ၄ ဦး 

(ယခု ဆောင်းပါးကို Bitcoin Myanmar Initiative မှ ထောက်ပံ့ထားသည်။)

[https://www.facebook.com/bitcoin.MM.initiatve](https://www.facebook.com/bitcoin.MM.initiatve"‌")‌
၂၀၂၄ ခုနှစ်အမေရိကန် သမ္မတ ရွေးကောက်ပွဲဟာ လိုနေသေးသော်လည်း ယခုအချိန်တွင် သမ္မတလောင်းများရဲ့ယှဥ်ပြိုင်မှုများ ဟာ အရှိန်မြှင့်တက်နေပြီဖြစ်ပါတယ်။ 

အမေရိကန်သမ္မတဟောင်း Donald Trump ဟာလည်း သမ္မတ ရွေးကောက်ပွဲမှာ ပြန်လည်ယှဥ်ပြိုင်ဖို့စည်းရုံးမှုတွေ စတင်နေပြီး ၂၀၂၀ ရွေးကောက်ပွဲမှာသူ့ကို အနိုင်ရရှိသွားတဲ့ Joe Biden ကို ဖယ်ရှားပစ်မယ်လို့
 ပြောဆိုနေပါတယ်။ 

အမေရိကန်နိုင်ငံ တွင် Bitcoin အပေါ်အမြင်အမျိုးမျိုးဖြင့် အငြင်းပွားမှုများ ရှိနေချိန်တွင် စိတ်၀င်စားဖို့ ကောင်းတာ တစ်ခုကတော့ သမ္မတလောင်းတွေထဲက ၄ ယောက်ဟာ Bitcoin ကို ထောက်ခံအားပေးပြီး
 Bitcoin ဟာ နိုင်ငံတကာလူ့အခွင့်အရေးများ တွင်လည်း ကူညီနေတာကို လက်ခံထားကြသူများဖြစ်ပါတယ်။ 

သမ္မတလောင်း ၄ ဦးကတော့ Robert Kennedy Jr, Vivek Ramaswamy, Ron Desantis နှင့် Francis Suarez တို့ပဲဖြစ်ပါတယ်။ 

ပထမဆုံးတစ်ဦးကတော့ Robert F. Kennedy Jr. ဖြစ်ပြီး Harvard တကသိုလ် ဥပဒေပညာဖြင့်ဘွဲ့ရထားပြီး အသက် ၆၉ နှစ်​ရှိပြီဖြစ်ပါတယ်။​ 

Robert F. Kennedy Jr. သည် အမေရိကန် အထက်လွှတ်တော်အမတ်ဟောင်း Robert F. Kennedy ၏သားဖြစ်ပြီး ရှေ့နေနှင့် သဘာဝပတ်ဝန်းကျင်အရေးကိစ္စ  များတွင်လည်း တက်ကြွလှုပ်ရှားသူဖြစ်သည်။ သူသည် Bitcoin
 ကို "ဒီမိုကရေစီနှင့်လွတ်လပ်မှု၏သင်္ကေတ" ဟုခေါ်ဆိုခဲ့သည်။ Kennedy သည် ၎င်း၏ ရွေးကောက်ပွဲ campaign အတွက် လှူဒါန်းမှုများကိုလည်း Bitcoin လက်ခံနေလျက်ရှိသည်။ အမေရိကန် သမ္မတလောင်း Robert F. Kennedy Jr. ဟာလည်း မြန်မာနိုင်ငံ ရဲ့လွတ်လပ်ရေးကြိုးပမ်းမှုတွင် Bitcoin သည်အရေးကြီးသော
 အခန်းကဏတစ်ခု ကနေပါ၀င်ကြောင်း Twitter မှာ ထုတ်ဖော် ပြောကြားဖူးပါတယ်။ 

ဒုတိယတစ်ဦးကတော့ Vivek Ramaswamy ဖြစ်ပြီး Yale တက္ကသိုလ် ဥပဒေပညာဖြင့်ဘွဲ့ရထားပြီး

အသက် ၃၇ နှစ်ပဲ ရှိပါသေးတယ်။ Vivek Ramaswamy သည် ယခင်က ဆေးဝါးဆိုင်ရာ စွန့်ဦးတီထွင်သူ တစ်ဦးဖြစ်ပြီး ယခုအခါ နိုင်ငံရေးဝေဖန်သုံးသပ်သူနှင့် စာရေးဆရာတစ်ဦးလည်းဖြစ်ပါတယ်။ ၎င်းသည် သမာရိုးကျ
 fiat ငွေကြေးများထက် Bitcoin ဟာ ပိုမိုလုံခြုံပြီးစိတ်ချရသော ငွေကြေးပုံစံဖြစ်ကြောင်း Bitcoin ၏ အဆိုကို ထောက်ခံထားသူတစ်ဦးလည်းဖြစ်သည်။ 

တတိယမြောက်တစ်ဦးကတော့ Ron DeSantis ဖြစ်ပြီးတော့ အသက် ၄၄ နှစ်ရှိပြိဖြစ်ပြီး ၄င်းဟာလည်း Yale တက္ကသိုလ်ကနေပြီးတော့ ဥပဒေပညာနဲ့ ဘွဲ့ရထားသူတစ်ဦးပဲဖြစ်ပါတယ်။ Ron DeSantis သည် လက်ရှိ
 ဖလော်ရီဒါ ပြည်နယ် အုပ်ချုပ်ရေးမှူး ဖြစ်ပြီး ၄င်းသည် Bitcoin ကိုအားပေးထောက်ခံ သူလည်းဖြစ်ပြီး “Bitcoin ဟာကမ္ဘာကြီးကိုပြောင်းလဲစေပြီးအနှောင့်အယှက်ပေးသောအလားအလာရှိသောအချက်

ကို ငြင်းခုံခဲ့သူတစ်ဦးလည်းဖြစ်သည်။ 

နောက်ဆုံးတစ်ဦးကတော့ Francis Suarez ဖြစ်ပြီးFlorida International University College of Law ကနေကျောင်းပြီးထားသူတစ်ဦးလည်းဖြစ်ပြီး အသက် ၄၅ နှစ်ရှိပါပြီ။ Francis Suarez သည် မိုင်ယာမီ၏
 လက်ရှိမြို့တော်ဝန်ဖြစ်ပါတယ်။ သူဟာ Bitcoin ကိုခိုင်မာစွာထောက်ခံသူဖြစ်ပြီး Miami ကို ပင် “Bitcoin City” ဖြစ်စေခဲ့သည်။ Bitcoin သည် စီးပွားရေးကို မြှင့်တင်ရန် အလားအလာရှိသည့် "အသွင်ပြောင်းနည်းပညာ" ဖြစ်သည်ဟု ဆွာရက်ဇ်က ပြောဆိုထားတယ်။ 

သူတို့ဟာ Bitcoin က အမျိုးသား လုံခြုံရေး (National Security) ကိုမြှင့်တင်ရန်၊ Dollar ကို ပိုမိုခိုင်မာစေရန်၊ နိုင်ငံတကာ လူ့အခွင့်အရေးကို ကာကွယ်ရန် အရေးကြီးကြောင်းလိုအပ်ကြောင်း

လက်ခံထားကြသူများလည်းဖြစ်ပါတယ်။ 

အသက် ၇၇ နှစ် အရွယ်ရှိ သမ္မတဟောင်း ဒေါ်နယ်ထရန့် နဲ့ အသက် ၈၀ အရွယ်ရှိ လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်တို့ကတော့ Bitcoin နည်းပညာနဲ့ ပက်သက်ပြီး ယခုအချိန်ထိ ထုတ်ဖော်ပြောဆိုခြင်း မရှိတာကို
 တွေ့ရပါတယ်။

လူငယ် အမေရိကန် သမ္မတလောင်းများရဲ့ အားပေးထောက်ခံမှုဟာ Bitcoin အတွက် အပြုသဘောဆောင်သော ဖွံ့ဖြိုးတိုးတက်မှုတစ်ခုဖြစ်ပြီး Bitcoin ကိုတရားဝင်ဖြစ်စေရန် နှင့် ၎င်းကို  နိုင်ငံတကာမှာ Digital
 Gold (ဒစ်ဂျစ်ရွှေ) ကဲ့သို့ တန်ဖိုး ရှိသော အရာ တစ်ခု အဖြစ် မကြာတော့တဲ့ ကာလတွေမှာ ဖြစ်လာနိုင်မှာလား စိတ်ဝင်စားဖို့ ကောင်းပါတယ်။ 

(ယခု Bitcoin Myanmar Initiative Page မှ ကျွန်တော်တို့ ခေတ်ရဲ့ လွဲမှားနေတဲ့ စနစ်၊ Bitcoin နှင့် တခြားသော နည်းပညာများ အကြောင်းကို မျှဝေသွားမည် ဖြစ်သည်။ မျှဝေချက်များမှာ ပညာရေး အတွက်သာ ရည်ရွယ်ချက်ခြင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံ့မှု တိုက်တွန်းချက်မပါဝင်ပါ။)

Telegram တွင် စောင့်ဖတ်ရန် → [https://t.me/BitcoinMyanmarEDU](https://t.me/BitcoinMyanmarEDU "smartCard-inline")
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly