"မြေပြင်အခြေပြုကျောင်းလေးက ဆဲဗင်းဂျူလိုင် အခမ်းအနား" (ရုပ်၊သံ) 

By KMN (မဇ္ဈိမ)
07 July 2023
"မြေပြင်အခြေပြုကျောင်းလေးက ဆဲဗင်းဂျူလိုင် အခမ်းအနား" (ရုပ်၊သံ) 

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်း ခေါင်းဆောင်တဲ့ စစ်တပ်ဟာ ရန်ကုန်တက္ကသိုလ်အတွင်းက အာဏာရှင် ဆန့်ကျင်တဲ့ ကျောင်းသားတွေကို ပစ်သတ်ခဲ့ပြီး ကျောင်းသားသမဂ္ဂ အဆောက်အအုံကိုလည်း ဗုံးခွဲ ဖျက်ဆီးခဲ့ပါတယ်။

ဒီလိုကျောင်းသားတွေ သေဆုံးခဲ့မှုနဲ့ ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဖျက်ဆီးခံရမှုကိုအမှတ်ရစေပြီး ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် အောက်မေ့ဖွယ် အခမ်းအနားတွေကို နှစ်စဉ်ကျင်းပလာကြတာပါ။

ဒီနေ့မှာကျရောက်တဲ့ ၆၁ နှစ်မြောက် ဆဲဗင်းဂျူလိုင် အခမ်းအနားကိုလည်း စစ်တပ်အာဏာထပ်မံ သိမ်းထားချိန်မှာပဲ မြို့နယ်အချို့မှာ နည်းလမ်းပေါင်းစုံနဲ့ကျင်းပခဲ့ကြတာပါ။

ဒီအထဲမှာ မကွေးတိုင်း၊ပေါက်မြို့နယ်က မြေပြင်အခြေပြု ကျောင်းလေးမှာလည်း ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် အခမ်းအနားကိုကျင်းပခဲ့ပါတယ်။ 

တင်ဆက်၊တည်းဖြတ် - KMN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly