မုံရွာသပိတ်အင်အားစုက ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်နှင့် စစ်အာဏာရှင်ဆန်ကျင့်ရေး လှုပ်ရှားမှုပြုလုပ်

By ပါခွီး (မဇ္စျိမ)
07 July 2023
မုံရွာသပိတ်အင်အားစုက ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်နှင့် စစ်အာဏာရှင်ဆန်ကျင့်ရေး လှုပ်ရှားမှုပြုလုပ်

မုံရွာသပိတ်အင်အားစုက ယနေ့ ဇူလိုင်လ ၇ ရက်တွင် ကျရောက်သော ဆဲဗင်းဂျူလိုင် (၆၁) နှစ်မြောက် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြကြသည်။

အဆိုပါ သပိတ်အင်အားစုသည် မုံရွာမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း တစ်ကျောင်းအရှေ့မှစတင်၍  “7 ဂျူလိုင် စိတ်ဓာတ်ကိုင်စွဲပြီး တိုက်ပွဲဝင်ကြ” ဆိုသည့် စာတန်းကို ကိုင်ဆွဲချီတက်ခဲ့ကြကြောင်း သိရသည်။

၁၉၆၂ခုနှစ်မှ စတင်ပြီး စစ်တပ်၏ ယုတ်မာရက်စက်မှုများကို မိဘပြည်သူများအနေဖြင့် တွေ့မြင်ရပြီးဖြစ်ကြောင်းနှင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ပြောကြားခဲ့သကဲ့သို့ “သမဂ္ဂအဆောက်အအုံကိုသာ ဖြိုလို့ရမယ် ၊ အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓါတ် ကိုတော့ ဖြိုလို့မရ” ဟူသောစကားအတိုင်း "ကျောင်းသားရှိနေသရွေ့ ကျောင်းသား သမဂ္ဂရှိနေမည်" ဟု သပိတ်အင်အားစုက ဆိုသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly