၂၀၂၃ခုနှစ် ဇူလိုင်လ ၇ရက်နေ့တွင် ကျရောက်သည့် ၆၁နှစ်မြောက် ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်အဖြစ် ရန်ကုန်၊ သာကေတမြို့နယ်တွင် Felcon Revolution Team မှကျောင်းသားလူငယ်များမှ “ ၇.၇.၆၂ မမေ့ကြနဲ့ စာတန်းပါ ဘန်နာကို ချိတ်ဆွဲခဲ့ကြသည်။
"ကျောင်းသားတွေကို သတ်ချင်သတ်လို့ရမယ် တော်လှန်ရေးကို သတ်လို့မရဘူး ကျနော်တို့မျိုးဆက် ဆယ်ခုမက အာဏာရှင်တိုင်းကို တော်လှန်နေမှာ”ဟု Felcon Revolution Teamမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
၁၉၆၂ခုနှစ် ဇူလိုင်လ ၇ရက်နေ့သည် ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သည့် အာဏာသိမ်းစစ်တပ်၏ ဖြိုခွင်းမှုကြောင့် ကျောင်းသားများ ရာနှင့်ချီသေဆုံးခဲ့ရသည့်အပြင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ အဆောက်အဦကိုပါ ဗုံးခွဲဖျက်ဆီးလိုက်သည့် နေ့တစ်နေ့ဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)