နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၆ ဇူလိုင် ၂၀၂၃)

By မဇ္ဈိမ 
06 July 2023
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၆ ဇူလိုင် ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ
•    အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် အဖွဲ့ကို အရှေ့တီမောနိုင်ငံ အစိုးရသစ်တက်ပွဲကို သမ္မတ ဟိုဆေးရာမို့စ်ဟော်တာက အမျိုးသားညီညွတ်ရေးအစိုးရကို နိုင်ငံတော် အစိုးရအဖြစ် ဖိတ်ကြားခဲ့ပြီး နောက်တစ်ကြိမ်လည်း အစိုးရခြင်းတွေ့ဆုံကြရန် အရှေ့တီမော နိုင်ငံက ထပ်မံဖိတ်ခေါ်ထားကြောင်း သိရသည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှုကို ဇူလိုင် ၅ ရက် မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့ကြသည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီeနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှုကို ဇူလိုင် ၅ ရက် မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့ကြသည်။
•    ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ယူကေလွှတ်တော်၏ အထက် လွှတ်တော် အမတ် Hon. Mr. Raymond Edward Harry Collins (Lord Collins of Highbury) နှင့် အောက်လွှတ် တော်အမတ် Hon. Ms. Catherine West တို့ဖြင့် ဇူလိုင် ၄ ရက်နေ့က ဗီဒီယိုကွန်ဖရင့်က တဆင့်တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
တော်လှန်ရေး လှုပ်ရှားမှုများ
•    ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ယခုတစ်ခေါက်အစည်းအဝေးတွင် မြန်မာနိုင်ငံကအမျိုး သမီးများ ၊လူ့အခွင့်အရေးလှုပ်ရှားသူများနှင့်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုက လွတ်မြောက်သူများဆီကနေ ကြားနာ‌ပြီး ဆုံးဖြတ်ချက်များကို ပြန်လည်ဆန်းစစ်ကာ လိုအပ်သည် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ကုလက ထုတ်ပြန်သည်။
•    ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု - S.S.L.R.U နှင့် ရိုးမမာန်စွယ် ပြောက်ကျား တပ်ဖွဲ့တို့မှ ပူးတွဲပို့ချခဲ့သော အပတ်စဉ် (၁) ဒရုန်းသင်တန်းဆင်းပွဲအခမ်းအနားကို ဇူလိုင်လ ၅ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။
•    စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ်အတွင်းရှိ ကံကြီးကုန်းရွာ တိုက်ပွဲမှ အရေးနိမ့် ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလာသည့် ရေယာဥ်ကို ထပ်မံတိုက်ခိုက်ခဲ့ကြောင်း Brave Heart Army (BHA) တာဝန်ရှိသူထံက သိရသည်။
•    စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ အမြင့်ဆိပ်ကမ်းမှ မုံရွာသို့ဆန်တက်လာသည့် စစ်ကောင်စီ အမြန်ရေယာဉ် နှစ်စီးကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဇူလိုင်လ ၅ ရက်နေ့ ည၇ နာရီခွဲခန့်တွင် ဆား လင်းကြီးမြို့နယ် အတွင်း မြစ်ကမ်းတလျှောက်မှ စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း Hero Fighter တပ်ဖွဲ့ ထံမှ သိရသည်။
•    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ဧရာ၀တီမြစ်အတွင်း သွားလာ နေသည့် အကြမ်းဖက် စစ်တပ်၏ ရေယာဥ်တစ်စီးကို တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Dragon Brothers Task Force-D.B.T.F မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
•    ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၆ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
•    စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် ၊ရွာသာကြီးရွာသို့‌ရောက်နေသည့် အကြမ်းဖက် စစ်တပ်က ယနေ့ ဇူလိုင် ၆ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ခြေလျင် စစ်ကြောင်း ထိုးပြီး သမားရိုးရွာသို့ ဝင်ရောက်ပစ်ခတ်ရာ ပြည်သူ အမျိုးသား ၃ ဦး၊ အမျိုး သမီး ၄ ဦး ကျည်ထိမှန် သေဆုံးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရ သည်။
•    ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် မိုင်းရှာဖွေရှင်းလင်းရေးပြုလုပ်စဉ် ပေါက်ကွဲမှု ဖြစ်ပွားရာမှ စစ်ကောင်စီတပ်သားသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်က မဇ္စျိမသို့ ပြောသည်။
•    ပဲခူးတိုင်းအရှေ့ခြမ်း၊ ကျောက်တံခါးမြို့နယ်တွင် မြို့ပေါ်၌အထိုင်ချထားသော စစ်ကောင်စီတပ်က ကျေးရွာများသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်နေ၍ လူနေအိမ်ပျက်စီးမှုများရှိပြီး အရပ်သားသေဆုံး မှုလည်းရှိကြောင်း ဒေသခံများမှက မဇ္ဈိမကိုပြောသည်။
•    ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အောက်ကိုင်းကျေးရွာအုပ်စု၊ ကိုင်း ကလေးရွာမှ ပျူစောထီးဆိုသူ ရာအိမ်မှူး ဦးမြင့်ဦးအား ယနေ့ ဇူလိုင်လ ၆ ရက် နံနက် ၆ နာရီ ၂၅ မိနစ်ခန့် တွင် သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂) တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့မှ ပစ်ခတ်ခဲ့ရာ နေရာ မှာ ပင်သေဆုံးသွားကြောင်း သိရသည်။
•    ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီကို အသက်ပေး၍ ကာကွယ်သွားမည်ဟု ကြွေး ကြော်ထားသည့် ပျူစောထီး ခေါင်းဆောင် ရာအိမ်မှူး မြင့်ဦး ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံး ခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
•    တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ် အတွင်းရှိ စျေးနှစ်ခုတွင် ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်းက စစ်အာဏာရှင် ကျဆုံးရေး လူထု စည်းရုံး လှုံ့ဆော်မှု ပြုလုပ်ခဲ့ကြောင်း ဦးဆောင် ပြုလုပ်သူ များထံက သိရသည်။
•    လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၆ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဟောပြောမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
•    ကျောက်ဆည်ခရိုင်အတွင်းရှိ ပြည်သူ့အခြေပြုကျောင်း တစ်ကျောင်းတွင် မန္တလေးခရိုင် ကျောင်းသားများ သမဂ္ဂ (ဗကသ များအဖွဲ့ချုပ်)နှင့် ကျောက်ဆည်ခရိုင် ကျောင်းသားများသမဂ္ဂ (ဗကသ များ အဖွဲ့ချုပ်) တို့ ပူးပေါင်းကာ ၇ ဇူလိုင် အကြိုဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တိုင်းရင်းသား လက်နက်ကိုင်များ
•    ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၏ ဌာနချုပ်ဖြစ်သည့် လိုင်ဇာမြို့အနီးသို့ စစ်ကောင်စီတပ်များမှ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲများ အချိန်မရွေး ဖြစ်လာနိုင်ပြီး ဒေသခံပြည်သူများအနေဖြင့် အထူးဂရုစိုက် သွားလာနေထိုင်ကြရန် သတိပေးကြောင်း KIA မှ ထုတ်ပြန်ထားသည်။
•    ချင်းအမျိုးသားတပ်မတော်(CNF) မှ ဒုတိယဗိုလ်မှူးကြီး ဆန်လျန်ထန်းသည် ဇူလိုင်လ ၅ ရက် နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန်၌ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့ရှိ Trinity Hospital တွင် အစာအိမ်ရောဂါ ကြောင့် ကွယ်လွန်သွားကြောင်း သိရသည်။
•    စစ်အာဏာရှင်ဆန့်ကျင်တော်လှန်နေသည့် လူမျိုးတိုင်း၊ အဖွဲ့အစည်းတိုင်းနှင့်လက်တွဲပူးပေါင်းသွား မည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌသစ် ပဒိုစောကွယ်ထူးဝင်းက ပြောကြား လိုက်သည်။
•    ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်၊ ထိုင်း-ကရင်နီနယ်စပ်၊ သံလွင်မြစ်အရှေ့ခြမ်းရှိ နယ်စပ်တပ်စခန်း နှစ်ခု ဖြစ်သော ကျား ပါးစပ်လေးနှင့် ပွိုင့် ၂၉၅၇ စခန်းနှစ်ခုကို အကြမ်းဖက်စစ်သားများက စွန့်ခွာသွားပြီး ရှမ်းပြည် နယ်မှ လာသည့် စစ်ကူ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးပြီး လက်နက်ခဲ ယမ်းအများအပြားသိမ်း ဆည်းရရှိ KA အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
•    ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်၊ ရွာသစ်မြို့နယ်ခွဲတွင် ကရင်နီတပ်များက ပစ်ချလိုက်သော စစ်ကောင်စီ တပ်၏ လေယာဉ်ပျက်နေရာကို ဒရုန်းဖြင့် ဓာတ်ပုံရိုက်ကူးနိုင်ခဲ့ပြီး အဆိုပါ ဓာတ်ပုံ များ ကို ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး-ကလလတ ၉၄၂၂ တပ်ရင်းက တရားဝင် ထုတ်ပြန်သည်။
•    နီပွန်ဖောင်ဒေးရှင်းဥက္ကဌ ဆာဆာကာဝါ၏ မြန်မာ့ငြိမ်းချမ်းရေးနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး ဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုအပေါ် ထောက်ခံကြိုဆိုကြောင်းအပစ်ရပ်ခြောက်ဖွဲ့က ဇူလိုင်လ ၅ရက်မှာ ထုတ်ပြန်သာည်။
•    
စစ်ကောင်စီ
•    အရှေ့တီမောသမ္မတ ကျမ်းကျိန်ပွဲအခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အား ဖိတ်ကြားမှုကို ကန့်ကွက်ကြောင်း စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။
•    စစ်ကောင်စီလည်းဖြစ် မြန်မာစစ်တပ်မှ ရခိုင်ပြည်အပါအဝင် ချင်းပြည်နယ် ပလက်ဝသို့ လူသားချင်းစာနာ မှုဆိုင်ရာ ကူညီထောက်ပံ့ရေးလုပ်ငန်းများကို ပိတ်ပင်ထားခြင်းသည် စစ်ရာဇဝတ်ကျူးလွန်နေခြင်း ဖြစ် သည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးမှ ဇွန်လ ၃၀ ရက်နေ့က အစီရင်ခံစာတွင် ဖော်ပြထားသည်။
•    မြန်မာနှင့် တောင်ကိုရီးယားတို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အတွက် ဇူလိုင် ၅ ရက်တွင် ဆိုးလ်မြို့၌ ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။
•    မြန်မာ-ကူဝိတ် နှစ်နိုင်ငံချစ်ကြည်ရေး အတွက် ဆွေးနွေးခဲ့ကြကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ သတင်း ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
•    မြန်မာ့ရွှေထည်တွေ ပြည်ပတင်ပို့ရာမှာ LC စနစ်ရော TT စနစ်ပါကျင့်သုံးမယ့်အပြင် ရွှေတင်ပို့၊တင်သွင်း ရာမှာ သတ်မှတ် ထောက်ခံချက်တွေကို တင်ပို့၊ တင်သွင်းခွင့်ဆိုင်ရာလုပ်ငန်းစဉ် (Standard Operating Procedure – SOP) အတိုင်း လိုက်နာဆောင်ရွက်ရမည် စီးဖြဟ်ကြောင်း စစ်ကောင်စီ ပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်သည်။
ဇူလိုင် ၆ ရက် သုံးသပ်ချက်
•    မင်းအောင်လှိုင်မှ စစ်ရာဇဝတ်မှုကျူးလွန်မှုနေသည်ဟု ကုလသမဂ္ဂက တရားဝင်ထုတ်ပြန်လာသည်အတွက် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်မှ ယင်းအကျိုးအဆက်ကို တာဝန်ယူရမည်ဖြစ်သည်။
•    ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်များ ထွက်ပြေးရသည် အထိနာနေကာ တပ်ပျက်နေသည့်အပြင် စစ်ကူလာသည့် စစ်ကြောင်းများ တိုက်ခိုက်ခံရပြီး အသေများနေသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly