ချယ်လ်ဆီးတိုက်စစ်မှူး ကော်စတာ ထပ်တိုးပြစ်ဒဏ် ချမှတ်ခံရ

ချယ်လ်ဆီးတိုက်စစ်မှူး ကော်စတာ ထပ်တိုးပြစ်ဒဏ် ချမှတ်ခံရ

ဧပြီ ၂၊ လန်ဒန် ။          ။ ချယ်လ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာသည် အဲဗာတန်နှင့် အက်ဖ်အေဖလားပွဲစဉ်တွင် ဖြစ်ပွားခဲ့သည့် ပြဿနာကြောင့် တစ်ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ငွေ ပေါင်နှစ်သောင်း ထပ်တိုးပြစ်ဒဏ်အဖြစ် ချမှတ်ခံခဲ့ရသည်။

ကော်စတာသည် ထိုပွဲစဉ်တွင် အဲဗာတန်ကွင်းလယ်လူ ဘယ်ရီကို ကိုက်ခဲ့သည့် အပြုအမူမျိုး ပြုလုပ်ခဲ့ပြီး အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။ ထို့အတွက် မူလက နှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ထားရာမှ ယခု ထပ်တိုးပြစ်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့် ကော်စတာသည် မတ်လ ၁၉ ရက်နေ့က ကစားခဲ့သော ဝက်စ်ဟမ်းနှင့် ၂-၂ သရေကျခဲ့သည့်ပွဲစဉ်ကို လွဲချော်ခဲ့ပြီး ယခု ဗီလာအသင်းနှင့်ပွဲစဉ်အပြင် ဧပြီလ ၉ ရက်နေ့တွင် ကစားမည့် ဆွမ်ဆီးအသင်းနှင့်ပွဲစဉ်ကိုပါ လွဲချော်ရတော့မည် ဖြစ်သည်။

အဲဗာတန်အသင်းကို ၂-၀ ဂိုးဖြင့် ရှုံးခဲ့သည့် ထိုအက်ဖ်အေဖလားပွဲစဉ်တွင် ကော်စတာသည် ပွဲချိန် ၈၄ မိနစ်တွင် နှစ်ဝါ၊ တစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရသည်။ ချယ်လ်ဆီးကစားသမားဘဝတွင် ပထမဆုံးအကြိမ် အနီကတ် ပြသခံခဲ့ရခြင်း ဖြစ်သည်။

ကော်စတာသည် ပြီးခဲ့သည့်ရာသီက ချယ်လ်ဆီးအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံ ဆုဖလားရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပြီး နည်းပြ ဂုစ်ဟစ်ဒင့်၏လက်အောက်တွင် ပွဲစဉ် ၁၆ ပွဲကစားပြီး ၁၁ ဂိုးသွင်းယူထားသည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly