စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ခဲ့သည့် ရွာပေါင်းစုံသပိတ် 

By ပါခွီး (မဇ္စျိမ)
06 July 2023
စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ခဲ့သည့် ရွာပေါင်းစုံသပိတ် 

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်မှ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲ ကို ယနေ့ ဇူလိုင်လ ၆ ရက်တွင် ပြုလုပ်ကြသည်။ 

လူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင် ဆန့်ကျင်ရေးကြွေးကြော်သံများ ဟစ်ကြွေးကာ ချီတက်ခဲ့ကြပြီး သွေးမော်ကွန်းသီချင်းကို သံပြိုင်သီဆိုကြကာ ကျဆုံးခဲ့သော အာဇာနည်များကို အလေးပြုကြသည်။

ထိုဆန္ဒပြချီတက်မှုသည် ရွာပေါင်းစုံသပိတ်စစ်ကြောင်း၏ စစ်အာဏာ ရှင်ဆန့်ကျင်ရေး ရက်ပေါင်း ၈၃၆ ရက်မြောက်ဖြစ်သည်။ 

ယင်းမာပင်နှင့် ဆာလင်းကြီးကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly