ချင်းအမျိုးသားတပ်မတော်(CNF)မှ ဒုတိယဗိုလ်မှူးကြီး ဆန်လျန်ထန်း မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့တွင် ကွယ်လွန်

ချင်းအမျိုးသားတပ်မတော်(CNF)မှ ဒုတိယဗိုလ်မှူးကြီး ဆန်လျန်ထန်း မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့တွင် ကွယ်လွန်

ချင်းအမျိုးသားတပ်မတော်(CNF) မှ ဒုတိယဗိုလ်မှူးကြီး ဆန်လျန်ထန်းသည် ဇူလိုင်လ ၅ ရက် နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန်၌  အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့ရှိ Trinity Hospital   တွင် အစာအိမ်ရောဂါကြောင့် ကွယ်လွန်သွားကြောင်း သိရသည်။

 “ကျွန်တော်တို့ရဲ့ ကျဆုံးသွားပြီဖြစ်တဲ့ ရဲဘော်တွေရော၊ ယခုလက်ရှိ ဝါရင့် ချင်းအမျိုးသားတပ်မတော်ထဲ မှာရော သူက အရမ်းကိုထူးခြားတယ်။ စစ်သားပီပီ စစ်ရေးကို အရမ်းဦးစားပေးတယ်။ သူ့ရဲ့လုပ်ရှားမှု အတွေးအခေါ်တွေအားလုံးက စစ်ရေးမှာပဲအားသန်တဲ့သူဖြစ်တယ်”ဟု ဒုတိယဗိုလ်မှူးကြီး ဆန်လျန်ထန်း နှင့်ပတ်သက်ပြီး ချင်းအမျိုးသားတပ်မတော်(CNF) ဒု-ဥက္ကဋ္ဌ ပူးထန်းနိန်ကီးက ပြောသည်။

ထို့ပြင် ယခုကဲ့သို့ တော်လှန်ရေးကာလအတွင်း ကျဆုံးသွားခြင်းသည် ချင်းတော်လှန်ရေးအတွက် ဆုံးရှုံး နစ်နာမှုကြီးတခုဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
“သူ့ရဲ့တသက်တာလုံးကိုပေးဆပ်ပြီး ကျွန်တော်တို့ ချင်းအမျိုးသားတွေအတွက် တော်လှန်ရေးလုပ်ရုံသာ မက စစ်ရေးကျွမ်းကျင်တဲ့ ချင်းစစ်ခေါင်းဆောင်တယောက်ဆုံးရှုံးတဲ့အပေါ်မှာ အင်မတန်မှ ဝမ်းနည်းစရာ ကောင်းပါတယ်။ အခုလူငယ်တွေအတွက်လည်း ကျဆုံးသွားတဲ့ ဗိုလ်မှူးဆန်လျန်ထန်းလို စစ်ရေးကျွမ်း ကျင်တဲ့ ခေါင်းဆောင်တွေပေါ်ပေါက်လာဖို့ ဆုတောင်းပါတယ်’’ ဟု လည်း CNF ဒု-ဥက္ကဋ္ဌ ပူးထန်းနိန်ကီးက ပြောကြားသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required