အိန္ဒိယတွင် ဘုရာကျောင်းများပေါ် အမျိုးသမီးများ တက်ရောက်ခွင့် တရားရုံးခွင့်ပြုမိန့်ချမှတ်

အိန္ဒိယတွင် ဘုရာကျောင်းများပေါ် အမျိုးသမီးများ တက်ရောက်ခွင့် တရားရုံးခွင့်ပြုမိန့်ချမှတ်

နယူးဒေလီ၊ ဧပြီ ၂ ။            ။ အိန္ဒိယနိုင်ငံ မဟာရာရှာထရာပြည်နယ်တွင် ဘုရားကျောင်းများပေါ် အမျိုးသမီးများ တက်ရောက်ဝတ်ပြုခွင့်သည် အခြေခံအခွင့်အရေးဖြစ်ကြောင်း တရားရုံးတစ်ရုံးက အမိန့်ချမှတ်သည်။

ဘုံဘေအထူးခုံရုံးက အစိုးရအနေဖြင့် အခွင့်အရေးကို ကာကွယ်ပေးရမည်ဖြစ်ကြောင်း ပြောသည်။

ဘုရားကျောင်းများအပေါ် အမျိုးသမီးများ တက်ရောက်ခွင့် မရှိဟု ရှေးရိုးစွဲအပေါ် ဆန့်ကျင်သည့် တက်ကြွလှုပ်ရှားသူအဖွဲ့တစ်ဖွဲ့က အမှုတင်၍ ယခုကဲ့သို့ ဘုံဘေတရားရုံးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ပြည်နယ်အစိုးရကလည်း ယခုတရားရုံးစီရင်ထုံးကို ထမြောက်စေမည်ဟု ကတိပြုပြီး ဘုရားကျောင်းများအတွင်း အမျိုးသမီးများ ဝင်ရောက်ခြင်းအား တားမြစ်ကန့်ကွက်သူ မည်သူကိုမဆို ထောက်ဒဏ်ခြောက်လ အပြစ်ပေးသွားမည်ဖြစ်ကြောင်း PTI သတင်းဌာနက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly