ဂျာမနီ အားကစားဝတ်စုံ အမှတ်တံဆိပ် Jako  မြန်မာနိုင်ငံမှ ထွက်ခွာမည်

By Ecotextile News
05 July 2023
ဂျာမနီ အားကစားဝတ်စုံ အမှတ်တံဆိပ် Jako  မြန်မာနိုင်ငံမှ ထွက်ခွာမည်

ဂျာမနီ အားကစားဝတ်စုံ အမှတ်တံဆိပ် Jako က မြန်မာနိုင်ငံ၌ ယင်း၏ ထုတ်ကုန်များ အပ်နှံထုတ်လုပ်နေမှုကို ရပ်ဆိုင်းပြီး နိုင်ငံမှ ရုပ်သိမ်းထွက်ခွာမည့် အစီအစဉ်များကို ကြေညာခဲ့ကြောင်း သိရသည်။

မြန်မာတွင် Jako ၏ ထုတ်ကုန်များကို လက်ခံချုပ်လုပ်ပေးနေသည့် စက်ရုံတစ်ရုံ၌ အထည်ချုပ်အလုပ်သမားနှစ်ဦးကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် Jako က ယခုကဲ့သို့ မြန်မာမှ ထွက်ခွာမည့် အစီအစဉ်ကို ကြေညာခဲ့ခြင်း ဖြစ်ကြောင်း Ecotextile News က ဖော်ပြသည်။

ယခု ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲ ချမှတ်ခဲ့ရခြင်းဖြစ်ပြီး၊ အကြောင်းမှာ Jako အမှတ်တံဆိပ် ထုတ်ကုန်များကို လက်ခံချုပ်လုပ်ပေးနေသည့် ရန်ကုန်ရှိ Sun Apparel စက်ရုံ၌ လုပ်ကိုင်နေသော အလုပ်သမားများအတွက် စီးပွားရေးဂယက်ရိုက်ခတ်မှုများ ရှိ၍ ဖြစ်ကြောင်း Jako ၏ အဝယ်ဌာန အကြီးအကဲ ဟိုင်ကို ရမ်းမ်က Ecotextile News ကို ပြောသည်။

“မိမိတို့ဟာ အခြေအနေနဲ့ပတ်သက်လို့ အမြဲတစေ ဆန်းစစ်ဝေဖန် အကဲဖြတ် သုံးသပ်ခဲ့ပါတယ်။ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှု ဘယ်လိုဘယ်ပုံစံမျိုးကိုမဆို မိမိတို့ ပြစ်တင်ဝေဖန်ပါတယ်။ ဒီလို စိန်ခေါ်မှုတွေ ရှိပေမယ့် မိမိတို့အနေနဲ့ အလုပ်သမားတွေကို ထောက်ကူပံ့ပိုးဖို့နဲ့ မိမိတို့ရဲ့ ပါတနာတွေနဲ့ ရေရှည်ဆက်ဆံမှုကို ထိန်းသိမ်းထားဖို့ ဆက်လက် စိတ်နှစ်မြှုပ်ထားပါတယ်” ဟု ဟိုင်ကို ရမ်းမ်က ပြောကြောင်း Ecotextile News က ဖော်ပြသည်။

Sportswear brand to quit Myanmar after arrests
https://www.ecotextile.com/2023070430898/social-compliance-csr-news/spor...
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly