(၇၄) နှစ်မြောက် ကရင်အမျိုးသားလွတ်မြောက်ရေးနေ့ကို KNU လွတ်မြောက်နယ်မြေတွင် ကျင်းပ

By TZL (မဇ္ဈိမ)
05 July 2023
(၇၄) နှစ်မြောက် ကရင်အမျိုးသားလွတ်မြောက်ရေးနေ့ကို KNU လွတ်မြောက်နယ်မြေတွင် ကျင်းပ

(၇၄) နှစ်မြောက် ကရင်အမျိုးသားလွတ်မြောက်ရေးကို ယနေ့ ဇူလိုင်လ ၅ ရက်နေ့၊ နံနက်ပိုင်းတွင် ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ လွတ်မြောက်နယ်မြေ၌ ကျင်းပခဲ့သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) သည် ကရင်အမျိုးသား အစည်းအရုံး(KNU)၏ လက်အောက်တွင်ရှိသော လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်သည်။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် ကရင့်လက်နက်ကိုင်တော်လှန်ရေးအတွက် KNDO ကို ကရင့်အခြေခံလက်နက်ကိုင်တပ်မတော်အဖြစ် ဦးစွာဖွဲ့စည်းခဲ့ပြီး KNDO ကိုဖွဲ့စည်းသည်နှင့်တစ်ပြိုင်နက် ဖဆပလ လက်အောက်တွင် အမှုထမ်း ကြသောလက်နက်ကိုင်တပ်များအားလုံးကိုလည်း ကြိုးစားဆက်သွယ် စည်းရုံးခဲ့ပါတယ်။ 

ထိုကဲ့သို့ ဆက်သွယ်စည်းရုံးသည့်အတိုင်း ကရင့်လက်နက်ကိုင်တော်လှန်ရေး စတင်သည့် အခါတွင် ရန်သူ့ လက်အောက်တွင်ရှိသော ကရင့်လက်နက်ကိုင် တပ်များဖြစ်သည့် Karen Rifile, UMP, Police, Armed Forest, Signal, အမြောက်တပ်၊ ရေတပ်အချို့သည် ကရင့်လက်နက်ကိုင်တပ်သို့ ပါ၀င်လာကြသည်။

ထိုကဲ့သို့ တပ်အမျိုးမျိုးပါလာကြသဖြင့် စည်းကမ်းရှိရှိနှင့် ချုပ်ကိုင်နိုင်ရန် ကော်သူးလေအစိုးရ Government of Kawthoolei ဖွဲ့စည်းသည့်အချိန်တွင် ကရင့်လက်နက်ကိုင်တော်လှန်ရေး၌ ပါ၀င်လာကြသော ကရင့်လက်နက်ကိုင်များအားလုံးကို KAF ( KawThooLei Armed Forces) ကော်သူးလေလက်နက်ကိုင်တပ်ပေါင်းစုအဖြစ် ဖွဲ့စည်းပြီး ခရိုင်တစ်ခုကို တပ်မဟာ တစ်ခုအဖြစ် ဖွဲ့စည်းရာ အရှေ့တိုင်းတွင် တပ်မ တစ်ခု၊ တပ်မဟာ ခြောက်ခုနှင့် မြစ်၀ကျွန်းပေါ်တွင် တပ်မ တစ်ခု၊ တပ်မဟာ ခြောက်ခုဖွဲ့စည်းခဲ့သည်။ 

၁၉၅၂ ခုနှစ်တွင် အရှေ့တိုင်း၌ တပ်မ နှစ်ခု၊ မြစ်၀ကျွန်းပေါ်တွင် တပ်မ နှစ်ခုဖြင့် တိုးချဲ့ဖွဲ့စည်းခဲ့သည်။ KAF ဖွဲ့စည်းပုံမှာ အင်္ဂလိပ်တပ်ဖွဲ့စည်းပုံကို အခြေခံသဖြင့် တော်လှန်ရေးနှင့် မကိုက်ညီမှုများလည်းရှိ၍ တော်လှန်ရေးနှင့်ကိုက်ညီမှုရှိသော တပ်မတော်တစ်ရပ်ကို ဖွဲ့ စည်းရန် အခြေအနေတောင်းဆိုလာသည်။

၁၉၅၆ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့တွင် ကရင့်တော်လှန်ရေး စစ်ရေးလမ်းစဉ်နှင့် ကရင့်လွှတ်မြောက်ရေးတပ်မတော် (KNLA) ဖွဲ့စည်းပုံကို အတည်ပြုသဖြင့် ထိုနေ့ ဇူလိုင် ၅ ရက်နေ့ကို ကော်သူးလေတပ်မတော်နေ့ (KawThooLei Army Day) အဖြစ် ကွန်ဂရက်က အတည်ပြုဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

စာတည်း။   ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly