စစ်အာဏာရှင်ဆန့်ကျင့်ရေး ၈၃၄ ရက်မြောက် ချီတက်ခဲ့သည့် ရွာပေါင်းစုံသပိတ် 

By ပါခွီး (မဇ္စျိမ)
04 July 2023
စစ်အာဏာရှင်ဆန့်ကျင့်ရေး ၈၃၄ ရက်မြောက် ချီတက်ခဲ့သည့် ရွာပေါင်းစုံသပိတ် 

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာများမှစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ဇွန်လိုင်လ ၄ရက် ယနေ့တွင်ဆက်လက်ချီ တက်ခဲ့ကြသည်။

ယနေ့ဆန္ဒပြချီတက်မှုသည် ရွာပေါင်းစုံသပိတ်စစ်ကြောင်း၏ စစ်အာဏာ ရှင်ဆန့်ကျင်ရေး ရက်ပေါင်း ၈၃၄ ရက်အဖြစ် ချီတက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

လူထုစစ်ကြောင်းသည် စစ်အာဏာရှင်ကြွေးကြော်သံများ ဟစ်ကြွေး ချီတက်ခဲ့ကြပြီး သွေးမော်ကွန်းသီချင်းကို သံပြိုင်သီဆိုကြကာ ကျဆုံးခဲ့ သော အာဇာနည်များကို အလေးပြုခဲ့ကြသည်။

ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly