ကြံခင်းမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ် ဖော်

By မင်းထက် (မဇ္စျိမ)
03 July 2023
ကြံခင်းမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ် ဖော်

ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ ဇူ လိုင်လ ၃ ရက်နေ့ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီးသပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။

စကြဝတေးမင်းကြီး သပိတ်ကောင်မတီအဖွဲ့ဝင်များက "ပြည်သူ့ထမင်းကိုစား ပြည်သူကိုသတ်နေတဲ့ ဖက်ဆစ်တပ်ကိုအမြစ်ဖြတ်"စာသားပါ ဘန်နာအားကိုင်ဆွဲကာ ကြံခင်းမြို့တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။

စကြဝတေးမင်းကြီး သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှစတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သ ပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၁၁၉)ကြိမ်မြောက်ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟုသိရသည်။

#ဆန္ဒပြ
#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly