မန္တလေးတွင် ပါဝါဘဏ်အားသွင်းရာမှ အပူလွန်ကဲပြီး မိုဘိုင်းဖုန်းအရောင်းဆိုင် မီးလောင်မှုဖြစ်ပွား

By 007 (မဇ္စျိမ)
03 July 2023
မန္တလေးတွင် ပါဝါဘဏ်အားသွင်းရာမှ အပူလွန်ကဲပြီး မိုဘိုင်းဖုန်းအရောင်းဆိုင် မီးလောင်မှုဖြစ်ပွား

မန္တလေးမြို့တွင် မိုဘိုင်းဖုန်းအရောင်းဆိုင်အတွင်း Power Bank အားသွင်း ရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ အိုးတော်ရပ်ကွက်၊ မန္တလေး-စစ်ကိုင်းကားလမ်းဘေးရှိ Hello Mobile ဖုန်း အရောင်းဆိုင်တွင် ယနေ့ ဇူလိုင် ၃ ရက်  မွန်းတည့် ၁၂ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဖုန်းအရောင်းဆိုင်ဖွင့်ထားသော သုံးထပ်တိုက်အဆောက်အအုံ၏ ဒုတိယထပ်အိပ်ခန်းအတွင်း Power Bank အားသွင်းရာမှ အပူလွန်ကဲပြီးမီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်း မီးသတ်ဦးစီးဌာန မှ သိရသည်။

“သူတို့က အာစီသုံးထပ်တိုက်ပေါ့နော်။ အဲဒီမှာ အလယ်ထပ်အိပ်ခန်းထဲမှာ ပါဝါဘဏ်အားသွင်းထားရာ ကနေ အပူလွန်ကဲပြီးမီးထလောင်တာ။ ဘေးကူးစက်မှုတော့မဖြစ်ခဲ့ဘူး၊ မီးလောင်တဲ့အထပ်က အတွင်း ခန်း ပစ္စည်းတွေတော့ မီးလောင်ခံလိုက်ရတယ်” ဟု မီးငြှိမ်းသတ်ရာတွင် ပါ၀င်ခဲ့သူတဦးကပြောသည်။

မီးလောင်မှုကို ထိစပ်နယ်မြေမှမီးသတ်ယာဉ်များဖြင့် ငြှိမ်းသတ်ခဲ့ပြီး မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် မီးငြိမ်းသွား ကြောင်း၊ မီးလောင်မှုကြောင့် နေအိမ် အိပ်ခန်းနှင့် အိပ်ခန်းအတွင်းရှိ အိမ်သုံးပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ ကြောင်း၊ ဆုံးရှုံးမှုတန်ဖိုး ၅၀၀,၀၀၀ ကျပ်ဖြစ်ကြောင်း၊ ပိုင်ရှင်ဖြစ်သူကို မီးပေါ့ဆမှုဖြင့်နယ်မြေခံရဲစခန်း တွင် အမှုဖွင့်ထားကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

#မန္တလေးမြို့
#အမရပူရမြို့နယ်
#မီးလောင်မှု
#မိုဘိုင်းဖုန်းအရောင်းဆိုင်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly