စမ်းချောင်းပင်မ သပိတ်စစ်ကြောင်းမှ “စစ်ခွေးမိစ္ဆာနှင်ပွဲ” ပြုလုပ်

By ဂန္ဒမာ (မဇ္ဈိမ)
03 July 2023
စမ်းချောင်းပင်မ သပိတ်စစ်ကြောင်းမှ “စစ်ခွေးမိစ္ဆာနှင်ပွဲ” ပြုလုပ်

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ၆၇ နှစ်မြောက် မွေးနေ့အား ရည်ရွယ်ကာ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက ယနေ့ ဇူလိုင်လ ၃ ရက်နေ့‌တွင် “စစ်ခွေးမိစ္ဆာနှင်ပွဲ” ပြုလုပ်ခဲ့ကြောင်း သိရသည်။

“မွေးနေ့မှာ ဗေဒင်ယတြာရာယုံတဲ့ စစ်ခေါင်းဆောင်နဲ့ အကြမ်းဖက်စစ်တပ်ကို ဓိတ်ဓာတ်ပိုင်းဆိုင်ရာအရ တော်လှန်တိုက်ခိုက်လိုက်ခြင်းဖြစ်ပါတယ်” ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းဥက္ကဋ္ဌက မဇ္ဈိမကိုပြော သည်။

“စစ်ခွေးမိစ္ဆာနှင်ပွဲ” အား ရန်ကုန်မြို့တနေရာတွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်အား ပြည်သူများ က အကြမ်းဖက်မိစ္ဆာအဖြစ်သတ်မှတ်ကာ အပြီးတိုင် တိုက်ထုတ်နေခြင်းကို ပြသလို၍ဖြစ်ကြောင်း ပြော သည်။

အာဏာသိမ်းစစ်ခေါင်းဆောင်၏ ယနေ့ ကျရောက်‌သောမွေးနေ့မှစ၍ ဂြိုလ်ဆိုးများဝင်စေပြီး အကြမ်းဖက် စစ်တပ် အမြန်ဆုံးနိဂုံးချုပ်အောင် “ စစ်ခွေးမိစ္ဆာနှင်ပွဲ” ကို အထူးအစီအမံများပြုလုပ်ကာ စမ်းချောင်းပင်မ သပိတ်စစ်ကြောင်းအနေဖြင့် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေးအင်အားစုများအနေဖြင့်လည်း အာဏာသိမ်းစစ်ခေါင်းဆောင်၏ မွေးနေ့ကိုရည်ရွယ်ကာ ရန်ကုန်တွင် လှုပ်ရှားမှုများစွာပြုလုပ်ခဲ့ကြပြီး မွေးနေ့ဆုတောင်းအဖြစ်လည်း ကျိန်စာများတိုက်ခြင်း၊ ကျင် ငယ်ရည်ဖြင့် ၎င်း၏မျက်နှာပါ ဓာတ်ပုံအားစိုစွတ်စေခြင်း၊ ၎င်းမျက်နှာပါသောပုံများအား ဖိနပ်များဖြင့် နင်းချေခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

#ရန်ကုန်မြို့
#စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
#စစ်ခွေးမိစ္ဆာနှင်ပွဲ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly