စစ်ကိုင်းတိုင်းမှာ ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေး အရှိန်မြှင့်နေ(ရုပ်သံ/သတင်း)

By MTO (မဇ္ဈိမ)
03 July 2023
စစ်ကိုင်းတိုင်းမှာ ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေး အရှိန်မြှင့်နေ(ရုပ်သံ/သတင်း)

စစ်ကိုင်းတိုင်းထဲမှာ ဇွန်လ ၂၅ ရက်နေ့ကစတင်ပြီး ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးအဖြစ် စစ်ကောင်စီစစ်ရေးပစ်မှတ်တွေကို Shar Htoo Waw နည်းပညာသုံးတိုက်ခိုက်ရေးမောင်းသူမဲ့လေယာဉ်အသေးစားတွေအသုံးပြုပြီး တိုက်ခိုက်မှုတွေ တောက်လျှောက်လုပ်ဆောင်နေတယ်လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့ CDSOM အဖွဲ့ ခေါင်းဆောင် ကိုနွေဦးက ပြောပါတယ်။

မနေ့က ဇူလိုင်လ ၂ ရက်နေ့မှာ မြင်းမူမြို့ပေါ်က မြို့မရဲစခန်း၊ ထွေအုပ်ရုံးစတဲ့ နေရာတွေကို ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးအဖြစ် မောင်းသူမဲ့လေယာဉ်ငယ်တွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကိုနွေဦးက ဆိုပါတယ်။

Shar Htoo Waw နည်းပညာသုံးတိုက်ခိုက်ရေး မောင်းသူမဲ့လေယာဉ်အသေးစားလေးတွေဟာ ပုံမှန်ဒရုန်းတွေထက်နည်းပညာမြင့်မားပြီး ဒရုန်းပစ်ချတဲ့လက်နက်တွေနဲ့ ပစ်လို့ မရတာကြောင့် တိုက်ခိုက်ရာမှာ ပိုမိုထိရောက်မှုရှိတယ်လို့ ဆိုပါတယ်။

တည်းဖြတ်၊တင်ဆက် --- MTO

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly