နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၃ ဇူလိုင် ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၃ ဇူလိုင် ၂၀၂၃) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • အကြမ်းဖက်စစ်တပ်က ပြည်သူတွေနေအိမ်ကို မီးရှို့ဖျက်ဆီးလျက်ရှိရာ ပြီးခဲ့သည့် ဇွန်လအတွင်း တနိုင်ငံလုံး အတိုင်းအတာဖြင့် မီးရှို့ဖျက်ဆီးမှုက ၉၃ ကြိမ်အထိ ရှိထားပြီး စစ်ကိုင်းတိုင်းက ၇၉ ကြိမ်ဖြင့် အများဆုံး ခံထားရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။ 

  • စစ်ကိုင်းတိုင်းတွင် ၂၀၂၃ ခုနှစ် ဇွန်လအတွင်း စစ်ကောင်စီတပ်က နေအိမ်အလုံးပေါင်း ၂,၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး လူကိုးဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ မီးသတ်ဦး စီးဌာနက ဇူလိုင်လ ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ 

  • ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၏ တောင်ပေါ်မြေပြန့် တော်လှန် ရေးအင်အားစုများအားလုံးနှင့် အတူ အကြမ်းဖက် စစ်အုပ်စုအား ပြန်လည်ခုခံတိုက်ခိုက်သွားမည်ဖြစ် ကြောင်း ဆိုသည့် သဘောထားကြေညာချက်အပေါ် ကြိုဆိုဝမ်းမြောက်ကြောင်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီက ထုတ်ပြန်ကြေညာလိုက်သည်။ 

  • Federal Wings ဒရုန်းတပ်ဖွဲ့မှ ယခုနှစ် ခြောက်လတာကာလအတွင်း စစ်ဆင်ရေး ၂၈၀ ကျော် ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့၀င် ၅၀ ဦးခန့်သေဆုံးခဲ့ကြောင်း ယနေ့ ဇူလိုင်လ ၃ ရက်နေ့တွင် ထုတ်ပြန် သည်။ 

  • ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ ဆက်လက်အားကောင်းနေခြင်းကြောင့် မြန်မာ့ကမ်းရိုးတန်း ဒေသများနှင့် မြောက်ပိုင်းဒေသများတွင် မိုးကြီးနိုင်ပြီး ရေကြီးရေလျှံမှုဘေး သတိပြုရန် အမျိုးသားညီ ညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က သတင်းထုတ်ပြန်သည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် ကော်မတီက ဦးဆောင်ကာ မင်းအောင်လှိုင်မွေးနေ့အတွက် ပုသိမ်-မုံရွာ လမ်းမကြီးပေါ်ရှိ မြောက်ယမား ချောင်းကူးတံတားပေါ်တွင် အဆဲသပိတ် ပြုလုပ်ခဲ့​ကြောင်း သိရသည်။ 

  • ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအုပ်စုရှိ စစ်ဘေးရှောင် ပြည်သူများကို ချင်းတွင်းမြစ်ကမ်း ဘေးကျေးရွာများ သပိတ်စစ်ကြောင်းက ယနေ့ ဇူလိုင်လ ၃ ရက်နေ့တွင် အစားအသောက်များ ကျွေးမွေး လှူဒါန်းခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ ကောကမ်းကျေးရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်က အရာရှိ ကြီးတစ်ဦးအပါအဝင် သေဆုံးဒဏ်ရာရရှိသူ ၃၀ ခန့်ရှိကြောင်း Homalin People’s Defense Force – HPDF 124 မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၃ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ကြာပင်ကျေးရွာ အထက်တန်းကျောင်းကို ပျူစောထီးများက မီးရှို့ဖျက် ဆီးခဲ့ကြောင်း ဖမ်းဆီးရရှိသူ ပျူစောထီး အောင်ဒုန်း က ဝန်ခံထွက်ဆိုခဲ့ကြောင်း People Defense Force Taung Dwin Region –Mingin က ရုပ်သံဖိုင်နှင့်တကွထုတ်ပြန်ထားသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ယင်းမာပင် မြောက်ခြမ်း သပိတ်အင်အားစုက ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်း ချီတက် သပိတ်မှောက်ကြကြောင်း သိရှိရသည်။ 

  • စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ မြို့မ ရဲစခန်းနှင့်ထွေ/အုပ်ရုံးကို မောင်းသူမဲ့ လေယာဉ် ငယ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း CDSOM အဖွဲ့မှ ကိုနွေဦး (မြောင်)က ပြောသည်။ 

  • မကွေးတိုင်း၊ ရေစကြိုမြို့မှ ဆင်ဖြူရှင်တံတားကို အင်အားဖြည့်ရန်လာသည့် စစ်ကြောင်းကို PDF တပ်ဖွဲ့က ၄ ရက်ဆက် လိုက်လံ တိုက်ခိုက်ခဲ့ကြောင်း ရေစကြို PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • မကွေးတိုင်း၊ ရေစကြိုပေါ်ရှိ မြို့မရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Bagan Ogre Force PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

  • မကွေးတိုင်း၊ ပခုက္ကူမြို့မှ ထွက်လာသော စစ်ကားများနှင့် မိုင်းရှာ နေသော စစ်သားများကို မိုင်းဆွဲတိုက်ခိုက် ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Young Force UG တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကြံ့ဖွတ်ပါတီ၏ မြို့နယ်အတွင်းရေးမှူးလည်းဖြစ်၊ လွှတ်တော် ကိုယ်စား လှယ်လောင်းလည်း ဖြစ်သူ ဆွေလင်းသည် ပစ်ခတ်ခံရ ပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများနှင့် ပခုက္ကူရဲသတင်းရင်းမြစ်ထံမှ သိရှိရ သည်။ 

  • ရန်ကုန်မြို့တွင် အကြမ်းဖက် မင်းအောင်လှိုင် မွေးနေ့မှစ၍ မြန်မြန်သေပါစေ ကျိန်စာတိုက်ပြီး မင်းအောင် လှိုင်ပုံ ကို ဖိနပ်အောက်ကပ်၍ လူငယ်တချို့က ရန်ကုန်မြို့အနှံ့လှည့်လည်ကြကြောင်း သိရှိရသည်။ 

  • အကြမ်းဖက် မင်းအောင်လှိုင်၏ ယနေ့ ကျရောက်သည့် မွေးနေ့ အထိမ်းအမှတ် အဖြစ် Yangon Revolution Force - YRFက ပန်းသပိတ်ပြုလုပ်ကြောင်း သိရှိရသည်။ 

  • ကယားပြည်နယ်ရှိ စစ်ဘေးရှောင်များအတွက် ရေချမ်းစင်(စင်္ကာပူ)မှ လှူဒါန်းပေးသော မိုးကာများကို ကျေးလက်မြေအဖွဲ့တာဝန်ခံဦးဇော်မင်းထိုက်မှ စစ်ဘေးရှောင်များကို လှူဒါန်းပေးခဲ့ကြောင်းသိရှိရသည်။ 

  • မလေးရှားနိုင်ငံ Bandar Baru Bangi မြို့တွင် NLD OC International Malaysia နှင့် Nway Oo Fc တို့ပူးပေါင်း၍ စစ်ဘေးရှောင် ပြည်သူများကို ထောက်ပံ့ရန်နှင့် တော်လှန်ရေး ရန်ပုံငွေအတွက် ဘောလုံးအား ကစားပြိုင်ပွဲ ကြီးကို ကျင်းပပြီး မလေးရှားရောက် မြန်မာနိုင်ငံသားများ သွေးမအေးကြောင်း ပြသခဲ့ကြသည်။ 

  • မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဆောင်နိုင်ကြီးကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု သံဃာ ၁ ပါး ထိခိုက် ဒဏ်ရာရပြီး ဘုရားစေတီနှင့် ကျောင်း အဆောက်အအုံများ ပျက်စီးခဲ့ကြောင်း Kyaikhto Information Team မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ကျေးရွာအနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့ အကြား ပြင်းထန် လာသည့်တိုက်ပွဲများကြောင့် ဒေသခံများ နီးစပ်ရာသို့ ပြန်လည်တိမ်းရှောင်နေရကြောင်း သိရသည်။ 

  • ချင်းပြည်နယ်၊ ကန်ပလက်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒေသခံတဦး ဒဏ်ရာရရှိသွား ကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင်လ ၂ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။ 

  • နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံသောစီမံကိန်းများအား နှောင့်ယှက်ဖျက်ဆီးသူများကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်(MNDAA)၊ ရက္ခိုင့်တပ်(AA)နှင့် တအာင်းတပ်(TNLA)တို့က ထုတ်ပြန်လိုက်သည်။ 

  • ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချနေသော စာသင်ကျောင်းအား ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ကြောင်း ကျားဖြူစစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။ 

  • ကရင်ပြည်နယ်အတွင်းရှိ မြဝတီမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် လက်နက်ကြီးကျည်ထိမှန်၍ ဒေသခံတစ်ဦး သေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို၏ ဇူလိုင်လ ၁ ရက်နေ့ ထုတ်ပြန်ချက်နှင့် ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။ 

စစ်ကောင်စီ 

  • အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် Giridhar Aramane ဟာ မြန်မာစစ်ကောင်စီ ကာကွယ်ရေး ဝန်ကြီး အပါအဝင် တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး၊ နှစ်နိုင်ငံနယ်စပ် တရားမဝင် ဖြတ်ကျော်မှုကိစ္စ၊ မူးယစ်ဆေးဝါးနှင့် မှောင်ခိုကုန်ကူးမှုကိစ္စတွေ အပါအဝင် နှစ်နိုင်ငံနယ်စပ် ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၂ ရက်နေ့မှာ ကြေငြာချက်ထုတ်ပြန် ပြောဆိုခဲ့သည်။ 

  • ရောင်းဝယ်မှုများဆောင်ရွက်သည့် အဖွဲ့ဖြစ်သော မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)အနေဖြင့် ထုတ်ကုန်ပစ္စည်းများရှိမှသာလျင် ရောင်းဝယ်မှုများ ဆောင်ရွက်နိုင်မည်ဖြစ် သကဲ့သို့ အရေအတွက်များများ ရောင်းချနိုင်ရေးကြိုးပမ်းဆောင်ရွက်ရန်နှင့် ထိုက်သင့်သည့်အမြတ်ဖြင့်သာ ရောင်းချရန်လိုအပ်ကြောင်း အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် ကပြောပြန်သည်။ 

  • ရခိုင်ပြည်နယ် မာန်အောင်မြိုနယ်တွင် မုန်တိုင်းဒဏ်ခံခဲ့ရသည့် ပြည်သူများအား ဆေးဝါးနှင့်အခြခံစား သောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို မြိုနယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီ မီဒီယာများတွင်ဖော်ပြထားသည်။ 

ဇူလိုင် ၃ ရက် သုံးသပ်ချက် 

  • မကွေးနှင့် စစ်ကိုင်းတွင် စစ်ကောင်စီ၏ မြို့မရဲစခန်းများနှင့် နယ်မြေခံရဲစခန်းများ အတိုက်ခံရပြီး စစ်ကောင်စီတပ်သားရဲနှင့်ပျုစောထီးများ အသေများနေသည်ကိုတွေ့ရသည်။ 

  • မြန်မာနိုင်ငံတောင်ပိုင်းဖြစ်သည့် မွန်ပြည်နယ်၊ကရင်ပြည်နယ်နှင့်တနင်္သာရီတိုင်းတွင် တိုက်ပွဲများ ခပ်စိတ်စိတ်ဖြစ်နေပြီး စစ်ကောင်စီမှ ခံစစ်အသွင်ဖြစ်နေသည်ကိုတွေ့ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly