စစ်အာဏာရှင်ကို ဆန့်ကျင်ချီတက်ဆန္ဒပြကြသည့် ကျေးရွာပေါင်းစုံသပိတ် 

By ပါခွီး (မဇ္ဈိမ)
03 July 2023
စစ်အာဏာရှင်ကို ဆန့်ကျင်ချီတက်ဆန္ဒပြကြသည့် ကျေးရွာပေါင်းစုံသပိတ် 

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိကျေးရွာများမှ ဒေသခံ များစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ယနေ့ ဇူလိုင်လ ၃ ရက်တွင် ဆက်လက်ချီတက် ဆန္ဒပြ ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် ဒေသအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ လှုပ်ရှားမှုများရှိနေပြီး နယ်မြေမတည် ငြိမ်မှုများကြားက စစ်အာဏာရှင်ဆန့်ကျင်သည့် ဆန္ဒပြပွဲကို ချီတက်ကြခြင်းဖြစ်ကြောင်း သိရသည်။

ဆန္ဒပြသူများသည် စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများဟစ်ကြွေးချီတက်ခဲ့ကြပြီး သွေးမော် ကွန်းသီချင်းကိုသံပြိုင်သီဆိုကြကာ ကျဆုံးသွားသည့်အာဇာနည်များကို အလေးပြုခဲ့ကြကြောင်း သိရ သည်။

ယနေ့ဆန္ဒပြပွဲသည် ကျေးရွာပေါင်းစုံသပိတ်၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်သည့် ရက်ပေါင်း ၈၃၃ ရက်မြောက်နေ့ ဖြစ်ပြီး ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။

စာတည်း။        ။ ဖူးသိမ်ကျ

#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#ဆားလင်းကြီးမြို့နယ်
#ချီတက်ဆန္ဒပြ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly