ရခိုင်ပြည်နယ်၌ ပထမဆုံးပြုလုပ်သည့် ရက္ခိုင့်တပ်တော် အရာရှိလေ့ကျင့်ရေးသင်တန်း ဆင်းပွဲ ကို ဇွန်လ ၁၉ ရက်တွင် ပြုလုပ်ခဲ့ကြောင်း AA သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။
အဆိုပါ အရာရှိသင်တန်းမှာ အပတ်စဉ်(၃)ဖြစ်ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၃ ခုနှစ် ဇွန်လ ၁၉ ရက် အထိ ခုနစ်လကျော်ကြာပြုလုပ်ခဲ့ကာ ရခိုင်ပြည်နယ်တွင် ပထမဆုံးပြုလုပ်သည့် အရာရှိသင်တန်းဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
သင်တန်းတွင် သင်တန်းသား ၃၂၆ ဦး တက်ရောက်သည်ဟု AA ၏ ထုတ်ပြန်ချက်အရ သိရသည်။
အနာဂတ်တွင် AA ကို ဦးဆောင်နိုင်မည့် စစ်သည်ကောင်းများပေါ်ထွက်လာစေရန်နှင့် လက်ရုံးရည်၊ နှလုံး ရည်ပြည့်ဝသည့် စစ်ဘက်ခေါင်းဆောင်များပေါ်ပေါက်လာရန် ရည်ရွယ်ကာ သင်တန်းကို ပြုလုပ် ရခြင်း ဖြစ်သည်ဟု AA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
အရာရှိသင်တန်းအပတ်စဉ်(၁)ကို ၂၀၁၈ ခုနှစ် ဧပြီလ ၁၀ ရက်တွင် ကချင်ပြည်နယ်ရှိ AA ၏ မဟာမိတ် ကချင်လွတ်မြောက်ရေးတပ် (KIA) ထိန်းချုပ်နယ်မြေ၌ဖွင့်လှစ်ခဲ့ပြီး အပတ်စဉ် (၂) ကို KIA ထိန်းချုပ်နယ် မြေတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း AA သတင်းနှင့် ပြန်ကြားရေးထံမှ သိရသည်။
လာမည့် သင်တန်းအပတ်စဉ် (၄)ကို ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း AA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ရက္ခိုင့်တပ်တော်AA
#အရာရှိလေ့ကျင့်ရေးသင်တန်း
#ရခိုင်ပြည်နယ်