စစ်ခေါင်းဆောင် မွေးနေ့ အထိမ်းအမှတ် ရန်ကုန််တွင် ခြေနင်းသပိတ် ပြုလုပ်

By ဂန္ဒမာ (မဇ္ဈိမ)
03 July 2023
စစ်ခေါင်းဆောင် မွေးနေ့ အထိမ်းအမှတ် ရန်ကုန််တွင် ခြေနင်းသပိတ် ပြုလုပ်

ရန်ကုန်မြို့တွင် တော်လှန်ရေးအင်အားစုများစုပေါင်းကာ ယနေ့ ဂျူလိုင်လ ၃ ရက်နေ့တွင် ကျရောက်သော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မွေးနေ့အထိမ်းအမှတ်အဖြစ် ၎င်း၏ဓာတ်ပုံကို ခြေမှာနင်း၍ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါလှုပ်ရှားမှုကို Kyimyindaing Networks (KMD18) နှင့်  Mayangone Democratic Front (MDF)  တော်လှန်ရေးအင်အားစုများပူးပေါင်းကာ လုပ်ဆောင်ခဲခြင်း ဖြစ်သည်။

"ပြည်သူလူထုခေါင်းဆောင် အမေစု မွေးနေ့မှာတုန်းက ပြည်သူတွေက ခေါင်းပေါ်ပန်းပန်ပြီး ပန်းသပိတ်နဲ့ မွေးနေ့ပြုလုပ်ပေးကြပြီးဆုမွန်ကောင်းတောင်းပေးကြပေမယ့် အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်မွေးနေ့ကတော့ ခြေနဲ့ပဲတန်လို့ သူ့ပုံကို မြေမှာခင်း ခြေမှာနင်းပြီး မြန်မြန်သေပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးရခြင်းဖြစ်ပါတယ်ဗျ၊" ဟု Mayangone Democratic Front (MDF) က မဇ္ဈိမကို ပြောသည်။

အာဏာသိမ်း စစ်ခေါင်းဆောင်၏ ၆၇ နှစ်ပြည့်မွေးနေ့၊ ဂျူလိုင်လ ၃ ရက်နေ့တွင် ရန်ကုန်မြို့၌ စစ်ကောင်စီတပ်မှ လုံခြုံရေးတင်းကြပ်မှုများပြုလုပ်ကာ ကင်းပတ်အစစ်အဆေးများရှိကြောင်း သိရသည်။

စာတည်း။   ။ နောင်နောင်

#စစ်ခေါင်းဆောင်မွေးနေ့
#ခြေနင်းသပိတ် 
#Mizzima
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly