တရုတ်၏ သြဇာလွှမ်းမိုးမှုကို ကျော်လွှားရန် ယူနက်စကို သို့ အမေရိကန်ပြန်လည်ဝင်ရောက် 

By The Dong-A ILBO
03 July 2023
တရုတ်၏ သြဇာလွှမ်းမိုးမှုကို ကျော်လွှားရန် ယူနက်စကို သို့ အမေရိကန်ပြန်လည်ဝင်ရောက် 

အမေရိကန်သည် ၂၀၁၈ ခုနှစ်တွင် ယူနက်စကိုမှ နုတ်ထွက်ပြီး ၅ နှစ်အကြာ ၂၀၂၃ တွင်   ပြန်လည် ဝင်ရောက်လိုက်သည်။ အဆိုပါ လုပ်ဆောင်ချက်သည် နိုင်ငံတကာ သိပ္ပံအဖွဲ့အစည်းများ၌ ဉာဏ်ရည်တုနည်းပညာ (AI) အပါအဝင် အဆင့်မြင့်နည်းပညာများတွင် တရုတ်၏ သြဇာလွှမ်းမိုးမှု ကို ဆန်းစစ်ရန်နှင့် အမေရိကန်၏ ဦးဆောင်မှု အခန်းကဏ္ဍ ပြန်လည် ရယူရန် ဝင်ရောက်ခြင်းဖြစ်သည်။

ပြင်သစ်နိုင်ငံ ပါရီမြို့ ယူနက်စကိုရုံးချုပ်တွင် ဇွန် ၃၀  (ဒေသစံတော်ချိန်) ၌ ကျင်းပသည့် အဖွဲ့ဝင်နိုင်ငံများ၏ မဲခွဲဆုံးဖြတ်မှုအပြီးတွင် (စုစုပေါင်းအဖွဲ့ဝင် ၁၉၃ နိုင်ငံ) အနက် နိုင်ငံပေါင်း ၁၅၇ နိုင်ငံမှ ၁၃၂ နိုင်ငံ က ယူနက်စကိုသို့ အမေရိကန် ပြန်လည်ဝင်ရောက်ရေးကို ထောက်ခံမဲ ပေးခဲ့ကြသည်။ တရုတ်၊ ရုရှားနှင့် မြောက်ကိုရီးယား အပါအဝင် နိုင်ငံ ၁၀ နိုင်ငံက ဆန့်ကျင်မဲပေးခဲ့သည်။ သမ္မတ ဂျိုးဘိုင်ဒင် အစိုးရမှ ပြီးခဲ့သည့် လ ၈ ရက်နေ့တွင် ယူနက်စကိုသို့ ပြန်လည်ဝင်ရောက်ရန် လျှောက်လွှာတင်ပြီးနောက် ၂၂ ရက်အကြာတွင် ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

မျိုးဆက်သစ် ဉာဏ်ရည်တု နည်းပညာ (AI) စည်းမျဉ်းများကို အပြိုင်အဆိုင် လုပ်ဆောင်ရာတွင် တရုတ်နိုင်ငံကို ဦးဆောင်ခွင့် ပေးနေခြင်းမှ ရှောင်ရှားရန် အမေရိကန် သည် ယူနက်စကိုသို့ ပြန်လည် ဝင်ရောက်ခြင်းဖြစ်သည်ဟု ယူဆရသည်။ ထို့ပြင် ယူနက်စကို မှ ထုတ်ပြန်သော အစီရင်ခံစာ သည် အမေရိကန်နှင့် ဥရောပသမဂ္ဂကဲ့သို့ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံကြီးများမှ မျှော်မှန်းထားသည့် AI နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ မူဝါဒများအပေါ် သက်ရောက်မှုရှိသောကြောင့် ဖြစ်သည်။

AI စည်းမျဉ်းများ စတင်ကျင့်သုံးခြင်းအား မြှင့်တင်ပေးသည့် အဓိကနိုင်ငံ ၇ နိုင်ငံ (G7) ခေါင်းဆောင်များမှ ဆက်စပ် အကြံပြုချက်တစ်ရပ်ကို ယူနက်စကို မှ ဇွန်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ "အမေရိကန်က ယူနက်စကို မှာ ကျင်းပတဲ့ AI ဆိုင်ရာ ဆွေးနွေးမှုများကို အာရုံစိုက်နေတယ်။ တရုတ်နဲ့ ယှဉ်ပြိုင်ဖို့ ယူနက်စကို ကို အမေရိကန် ပြန်လည်ပါဝင်လာနိုင်တယ်” ဟု ကနေဒါနိုင်ငံ အာရှပစိဖိတ်ဖောင်ဒေးရှင်းမှ ဂုဏ်ထူးဆောင်တစ်ဦးဖြစ်သူ ဘဒ် ဒဗယ်ယူ အီးဒက်စ် က ဟောင်ကောင် South China Morning Post သတင်းဌာန သို့ ပြောကြားခဲ့သည်။

ယူနက်စကို၏ ပံ့ပိုးကူညီမှုများတွင် အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုသည် ထင်ရှားသည်။ အမေရိကန် ပြန်လည်ဝင်ရောက် မှု အတွက် ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ကြွေးကျန် အမေရိကန်ဒေါ်လာ ၆၁၉ သန်းကို အရစ်ကျပေးဆောင်ရန် ဆုံးဖြတ်ခဲ့သည်။ ပါလက်စတိုင်းအား ယူနက်စကို အဖွဲ့ဝင်အဖြစ် လက်ခံသော ၂၀၁၁ ခုနှစ်မှ စ၍ ယူနက်စကိုမှ အမေရိကန် နုတ်ထွက်သည့် ၂၀၁၈ ခုနှစ်အထိ နိုင်ငံတကာအဖွဲ့အစည်း၏ အစ္စရေးဆန့်ကျင်ရေး ဘက်လိုက်မှု မူ အရ အမေရိကန်သည် ပါလက်စတိုင်းကို ပြည်နယ်တစ်ခု အဖြစ်သတ်မှတ်သော အဖွဲ့အစည်းများသို့ ငွေကြေးထောက်ပံ့မှု မပေးရေး ဥပဒေ ကိုအခြေခံ၍ ထောက်ပံ့ကြေးပေးရန် ပျက်ကွက်ခဲ့သည်။ 

ယူနက်စကိုတွင် အမေရိကန် နှုတ်ထွက်ခဲ့သည့် အချိန်မှ စ၍ တရုတ်၏ ဩဇာလွှမ်းမိုးမှု ကြီးထွား လာခဲ့သည်။ ၂၀၁၇ တွင် ယူနက်စကို ရှယ်ယာစုစုပေါင်း၏ ၈ ရာခိုင်နှုန်း ကို ပံ့ပိုးပေးခဲ့သော တရုတ်သည် ၎င်း၏ ရှယ်ယာများကို နှစ်စဉ်တိုးကာ ယခုနှစ်တွင် ၂၀ ရာခိုင်နှုန်း အထိ ပံ့ပိုးပေးကာ အများဆုံးထည့်ဝင်သော အဖွဲ့ဝင်စီးပွားရေးနိုင်ငံ ဖြစ်လာခဲ့သည်။ တရုတ် ၏ နောက်တွင် ဂျပန် က ၁၀ ရာခိုင်နှုန်း နှင့် ဂျာမနီ က ၈ ရာခိုင်နှုန်း ထည့်ဝင်ကြသည်။ အမေရိကန် ပြန်လည်ဝင်ရောက်ပြီးနောက်တွင် ယူနက်စကို ပံ့ပိုးကူညီမှု စုစုပေါင်း၏ ၂၂ ရာခိုင်နှုန်း ကို အမေရိကန်က ပေးဆောင်မည်ဟု ဆုံးဖြတ်ခဲ့သည်။

US rejoins UNESCO, reportedly to check China's influence

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly