နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသည့် စီမံကိန်းများအား နှောင့်ယှက်ဖျက်ဆီးပါက ထိရောက်စွာ အရေးယူမည်ဟု ညီနောင်မဟာမိတ် ၃ဖွဲ့ထုတ်ပြန်

By မဇ္ဈိမ 
03 July 2023
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသည့် စီမံကိန်းများအား နှောင့်ယှက်ဖျက်ဆီးပါက ထိရောက်စွာ အရေးယူမည်ဟု ညီနောင်မဟာမိတ် ၃ဖွဲ့ထုတ်ပြန်

နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံသောစီမံကိန်းများအား နှောင့်ယှက်ဖျက်ဆီးသူများကို ထိရောက်စွာ အရေးယူသွားမယ်လို့ ညီနောင်မဟာမိတ် ၃ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်(MNDAA)၊ ရက္ခိုင့်တပ်(AA)နဲ့ တအာင်းတပ်(TNLA)တို့က ထုတ်ပြန်လိုက်ပါတယ်။

မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေအတွင်းနဲ့ လှုပ်ရှားနယ်မြေများအတွင်းတည်ငြိမ်အေးချမ်းရေးအတွက်  ပူးတွဲထုတ်ပြန်ကြေညာချက်ကို ဇူလိုင် ၁ ရက် ရက်စွဲဖြင့်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒါ့ပြင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (သို့မဟုတ်) ပုဂ္ဂိုလ်များအပေါ် အနှောင့်အယှက်ပေးခြင်း၊ ဆက်ကြေးတောင်းခြင်း စသည့် ပြစ်မှုများကျူးလွန်သူ မည်သူ့ကိုမဆို ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။

အကြမ်းဖက်လုပ်ရပ်များအား ကျူးလွန်သောသူများကို တွေ့ရှိပါက အချိန်မီသတင်းပို့ကြဖို့အပါအဝင် လူကုန်ကူးခြင်းနဲ့ အတင်းအဓမ္မလုပ်အားခိုင်းစေသူများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly