နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂ ဇူလိုင် ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂ ဇူလိုင် ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ

•    အကြမ်းဖက်စစ်အုပ်စုကို ပြန်တိုက်ခိုက်နေသည့် ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး၏ သဘောထားကို ကြိုဆိုကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

•    အကြမ်းဖက်စစ်တပ်၏ လေကြောင်းရန်နှင့် လက်နက် ကြီးရန်က ကြိုတင်ကာကွယ်ရန် ဗုံးခိုကျင်း ၁၁၇၅ ကျင်းအထိ တူးဖော်ထားပြီးဖြစ်ကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ၊ လူသားချင်းစာနာ ထောက်ထား ရေးနှင့်  ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက အသိ ပေးထုတ်ပြန်ထားသည်။

•    စခန်းမကျအောင် လေကြောင်းကနေ အကြိမ်ကြိမ်ကာကွယ်နေသည့် မော်လိုက်မြို့နယ်၊ တောင်အင်း ကျေးရွာအနီးတွင် တပ်စွဲထားသည့် "ခမရ ၃၆၅ (မော်လိုက်/စကခ၁၀)၊ ခမရ ၃၆၆ (မော်လိုက်/စကခ၁၀) ရန်သူ့ စခန်းကုန်းကို ကို PDFတွေက သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

•    အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် ယူတီကာမြို့တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် နွေဦးတော်လှန်ရေး ထောက်ပို့ မိသားစုများ ဇွန်လ ၁ ရက်နေ့တွင် တွေ့ဆုံခဲ့ကြကြောင်း သိရသည်။

•    အာဆီယံအဖွဲ့ဝင် နိုင်ငံသစ်ဖြစ်လာတော့မည့် တီမောနိုင်ငံတွင် အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တီမော သမ္မတ Jose Ramos-Horta က အမျိုးသား ညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို ဖိတ်ကြားခဲ့ပြီး ဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်အတူ အင်ဒိုနီးရှားနှင့်ဩစတြေးလျနိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

•    ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ဇူလိုင်လ ၁ ရက်နေ့ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီးသ ပိတ် ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။

•    ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်း အမှတ် ပန်းသပိတ်ပြုလုပ်သည်ဟုဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားသူ ခြောက်ဦး ပြန်လည်လွတ် မြောက်လာသည်ဟု သတင်းရရှိသည်။

•    မြိတ်ခရိုင် ၊ တနင်္သာရီမြို့နယ်တွင် နှစ်ဖက်စစ်ရေး တင်းမာပြင်းထန်နေပြီး အချိန်မရွေးတိုက်ပွဲများ ဖြစ်လာ နိုင်၍ အန္တရာယ်ရှိ အနီရောင်အဆင့်သတ်မှတ်ကာ မလိုအပ်ဘဲ ခရီးမသွားကြရန် တနင်္သာရီမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့က ဇွန်လ ၃၀ ရက် နေ့စွဲဖြင့် ထုတ်ပြန် ကြေညာထားသည်။

•    မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်တွင် ယမန်နေ့ညနေပိုင်းက ယာဉ်ထိန်းရဲတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံ ရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

•    ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ဇီးဖြူကုန်း ရဲစခန်းနှင့် လောင်းကစားဝိုင်းကို PDF တပ်ဖွဲ့က တစ်ပြိုင်တည်း ဝင်ရောက် ပစ်ခတ်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

•    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး ကျေးရွာ အုပ်စုရှိ ရွာ ၄ ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ ဖျက်ဆီးခြင်းကြောင့် နေအိမ် ၉၀ ကျော်ပြာကျခဲ့ကြောင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ် စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက 

•    စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က ပစ်ခတ် စီးနင်းပြီး အသက် ၆၀ အရွယ် အဘိုးအိုကို ရိုက်နှက်ကာ ပေါင်ကို သေနတ်ဖြင့် တေ့ပစ်သွားကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

•    ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၂ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

•    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့လယ်ခေါင်ရှိ လဝကရုံးထဲဝင်ရောက်ကာ အပြင်းစား မိုင်းဖြင့် ဖောက်ခွဲ တိုက် ခိုက်ခဲ့ကြောင်း People’s Army To Fight Dictatorship –PAFD တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

•    ယင်းမာပင်မြို့နယ် မြောက်ခြမ်း သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၂ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

•    တောင်ကိုရီးယားနိုင်ငံ၊ ပြောသည်။ ဘူဆန်မြို့တွင် ကိုရီးယား-မြန်မာပူးပေါင်းကာ ယနေ့ ဇူလိုင်လ ၂ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ပြီး ဒယ်ဂူးဆရာတော်လည်း ပူးပေါင်း ပါဝင်ခဲ့ကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

•    ဖားဆောင်းတိုက်ပွဲတွင် ကရင်နီအမျိုးသားတိုးတတ်ရေးပါတီ (KNPP) တပ်သားများ ကျဆုံးသည့် ပုံများ ပျံ့နှံ့နေသည်။ ယင်းပုံများမှာ မိုးဗြဲ PDF များ ကျဆုံးသည့် ပုံဟောင်းများ ဖြစ်သည်။

•    နယ်စပ်လုံခြုံရေးဆိုင်ရာ အစည်းအဝေးတစ်ခုအတွက် သွားရောက်ခဲ့သည့် တရုတ်စစ်ဖက်ကိုယ်စားလှယ်များ လိုက်ပါလာသော ယာဉ်တန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က တိုက်ခိုက်ခဲ့သည်ဟု စစ်ကောင်စီ က ဇူလိုင် ၁ ရက်တွင် စွပ်စွဲပြောကြားပြီးနောက် အဆိုပါ ပြောကြားချက်က မှန်ကန်ခြင်း မရှိကြောင်း KIA က ပယ်ချသည်။

•    ကရင်နီပြည်နယ် အတွက် လိုအပ်နေသည့် ကိန္နရာ ခွဲစိတ် ဆေးရုံ တည်ဆောက်ရန် ကမ်ပိန်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။

•    စစ်ရာဇဝတ်မှု ကျူးလွန်နေသော အကြမ်းဖက် စစ်ကောင်စီကို တိုက်ခိုက် ချေမှုန်းနေသည့် တော်လှန်ရေးအဖွဲ့ အစည်းများအား ပြည်သူလူထု တစ်ရပ်လုံးက အတူတကွတက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြရန် မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ပူးတွဲ သဘောထား ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

•    စစ်ကောင်စီနှင့် လက်တွဲနေသော ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည် လွတ်မြောက် ရေးပါတီ (ALP/ALA)မှ တပ်ရင်းမှူးတစ်ဦး အပါအဝင် ပါတီ ဒုဥက္ကဌတစ်ဦးနှင့် တပ်သား ယာဉ် မောင်း တစ်ဦး စုစုပေါင်း ၃ ဦးကို အမည်မသိ လက်နက်ကိုင်ဆောင်ထားသူများက ပစ်သတ် သွား ခဲ့သည်။

စစ်ကောင်စီ

•    အကြမ်းဖက်စစ်ကောင်စီဝင် အောင်လင်းဒွေး စေခိုင်းချက်ဖြင့် စစ်ကောင်စီတပ်ဖွဲ့နှင့် ၎င်းတို့၏ လက်အောက်ခံ များသည် မော်လမြိုင်ကျွန်းမြို့ ဒေသခံ ၁၀၀ ကျော်ကို ကျူးကျော်ဟု  စွပ်စွဲပြီး ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က ဖယ်ရှားခဲ့သည်။

•    ကရင်နီပြည် ၊ ဘော်လခဲခရိုင်၊ ရွာသစ်မြို့အနီးတွင် ဇွန်လ ၃၀ရက်နေ့ နံနက်ပိုင်းက ပစ်ချခံခဲ့ရသော စစ်ကောင်စီတိုက်ခိုက်ရေး ဂျက်လေယာဥ်မှ လေယာဥ်မှူးနှစ်ဦးပျောက်ဆုံးဆဲဖြစ်သည်ဟု တောင်ငူလေတပ် တပ်တွင်းသတင်းပေးထံက သိရှိရသည်။

•    မန္တလေးမြို့၊ ကန်တော်ကြီးပတ်လမ်း Denko ဆီဆိုင်အနီးတွင်၊ ယမန်နေ့က သွေးသောက်တံဆိပ် လည်ဆွဲကတ်ပြားချိတ်ဆွဲထားသော ပိုင်ရှင်မဲ့အမျိုးသားအလောင်း နှစ်လောင်းတွေ့ရှိမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

•    အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ခိုင်းစေချက် ယတြာအရ နေပြည်တော်တွင် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ် ဆိုပြိုင်ပွဲ ပြုလုပ်မည်ဖြစ်ကြောင်း နေပြည်တော်ဝန်ထမ်းအသိုင်းအဝိုင်း ၏ပြောဆိုချက်ကို ကိုးကား၍ ရန်ကုန်ခေတ်သစ် သတင်းတွင်ဖော်ပြထားသည်။

•    မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (ACC) နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့ အကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။

•    နယ်စပ်ဒေသမှကုန်ပစ္စည်းများအပါအဝင်ကုန်းလမ်းဖြင့် တင်သွင်းတင်ပို့သောကုန်ပစ္စည်းများအတွက် အကောက်ခွန်ဆိုင်ရာMACCS Feeပမာဏလျှော့ချသတ်မှတ်လိုက်ကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ အကောက်ခွန်ဦးစီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။

•    ရန်ကုန်-နေပြည်တော် အမြန်လမ်းရှိ မိုင်တိုင် ၁၈/၃အနီးမှာ မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံး ၉လုံး တွေ့ရှိ ခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံမီဒီယာများတွင် သတင်းဖော်ပြထားသည်။ 

•    နည်းပညာတက္ကသိုလ်များတွင် နျူကလီးယားအင်ဂျင်နီယာဘာသာရပ် ကို ပထမနှစ်ကနေ စတင်ဖွင့် လှစ်နိုင်ဖို့ လုပ်နေကြောင်း စစ်ကောင်စီလက်အောက်ခံ သိပ္ပံနှင့်နည်းပညာ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျက ပြောသည်။

•    မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားကုန်သွယ်မှုနှင့် ပတ်သက်ပြီး လိုအပ်ချက်တွေရှိနေသော်လည်း စီးပွားရေးပြန် လည်ဦးမော့လာနေပြီဖြစ်ကြောင်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပြန်သည်။

ဇူလိုင် ၂ ရက် သုံးသပ်ချက်

•    လက်ရှိမြန်မာနိုင်ငံသည် မီးမမှန် ကုန်ဈေးနှုန်းတက်စသည်ဖြင့် စီးပွားရေးနှေးကွေးပြီး ပြည်သူများ ကျပ်တည်း နေချိန်တွင် အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်က စီးပွားရေးပြန်လည် ဦးမော့လာပြီး ပြန်နေခြင်း သည် ပြည်သူကို ဗြောင်လိမ်နေခြင်းဖြစ်သည်။

•    တရုတ်စစ်ဖက်ကိုယ်စားလှယ်ယာဉ်တန်းကို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များပစ်ခတ်သည်ကို စစ်ကောင်စီမှKIA မှ ပစ်ခတ်သည်ဟု ဗြောင်လိမ်ကာ သတင်းအမှားထုတ်ပြန်သည်။ ဇော်မင်းထွန်းဦးဆောင် သည့် စစ်ကောင်စီ ဝါဒဖြန့်ချိရေးအဖွဲ့သည် အလိမ်အညာဝါဒဖြန့်နေပြီး ပြည်သူကို မည်သည်အခါမျှ အမှန်ပြောမည့်အဖွဲ့မဟုတ်ဟု ဆိုရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required