"ကရင်နီ စစ်ဘေးရှောင်များအတွက် တစ်ဝက် ဈေးဆိုင်"

By KMN (မဇ္ဈိမ)
02 July 2023
"ကရင်နီ စစ်ဘေးရှောင်များအတွက် တစ်ဝက် ဈေးဆိုင်"

ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်တွေ တစ်ဝက်ဈေးနူန်း လျှော့ဈေးနဲ့ဝယ်ယူနိုင်တဲ့ ရွေ့လျားဈေးဆိုင်တွေကို ဇူလိုင် ၁ ရက်နေ့ကစပြီး ဖွင့်လှစ်နေတယ်လို့ မျှော်လင့်ချက်လူသားချင်းစာနာမှုကူညီရေးအဖွဲ့ (HOPE - The Humanitarian Organization) ကပြောပါတယ်။ 

စစ်ဘေးရှောင်စခန်း လေးခုက လူဦးရေ ၄,၀၀၀ ကျော်အတွက် တစ်ဝက်ဈေးဆိုင်တွေကို ပြီးခဲ့တဲ့နှစ်ထဲက တစ်ပတ်တစ်ခါဖွင့်လှစ်ပေးထားတာပါ။ ဒီဈေးဆိုင်တွေနဲ့ ဝေးကွာနေတဲ့ စစ်ဘေးရှောင်စခန်းကလူတွေ တောင်းဆိုလာကြတာကြောင့် ရွေ့လျား တစ်ဝက်ဈေးဆိုင်တွေကို မနေ့ကစပြီး ရောင်းချပေးနေတာပါ။

စစ်ဘေးရှောင်စခန်းတွေကို ဈေးကားနဲ့ တစ်လ လေးကြိမ်နူန်းလှည့်လှည်ရောင်းချသွားမယ်လို့  HOPE အဖွဲ့ ဦးဆောင်သူတစ်ဦးကပြောပါတယ်။

တင်ဆက်၊တည်းဖြတ် - KMN 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly