နယူးယောက်ပြည်နယ် ယူတီကာမြို့တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် နွေဦးတော်လှန်ရေး ထောက်ပို့ မိသားစုများ တွေ့ဆုံ

နယူးယောက်ပြည်နယ် ယူတီကာမြို့တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် နွေဦးတော်လှန်ရေး ထောက်ပို့ မိသားစုများ တွေ့ဆုံ

အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် ယူတီကာမြို့တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် နွေဦးတော်လှန်ရေး ထောက်ပို့ မိသားစုများ ဇွန်လ ၁ ရက်နေ့တွင် တွေ့ဆုံခဲ့ကြကြောင်း သိရသည်။

 အဆိုပါတွေ့ဆုံပွဲသို့ ယူတီကာမြို့တော်ဝန်​၏ ကိုယ်စားလှယ် Marques Phillips မှ ဂုဏ်ပြုစကားပြောကြားပြီး သံအမတ်ကြီးအတွက် ယူတီကာမြို့တော်ဝန်​၏ ဂုဏ်ပြုမှတ်တမ်းကိုပေးအပ်ခဲ့သည်။ 

ထို့နောက်  Munson Museum မှ တာဝန်ခံ John Murphy, Redeemer International Church မှ Pastor Paul Schilling, UKC မှကိုယ်စားလှယ် Daniel, Senator Kirsten Gillibrand ကိုယ်စား ၎င်း​၏ Deputy Director Isabella Moo-Garcia တို့တက်ရောက်ပြီး သံအမတ်ကြီးနှင့် နွေဦးတော်လှန်ရေး ထောက်ပို့မိသားစုများကို ကြိုဆိုနှုတ်ခွန်းစကားများပြောကြားခဲ့ကြသည်။

တက်ရောက်လာသော ဧည့်ပရိတ်သတ်များ၊ နွေဦးတော်လှန်ရေးထောက်ပို့ မိသားစုများကို သံအမတ်ကြီးမှ ကျေးဇူးတင်စကားနှင့်အတူ တော်လှန်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ 

ယူတီကာအခြေစိုက် United Hands for New Myanmar မှ founder မသီတာမှ ထောက်ပို့ကိစ္စများရှင်းလင်းတင်ပြကာ သံအမတ်ကြီးအတွက်ဂုဏ်ပြုစကားများပြောကြားခဲ့သည်။ 

ထို့နောက် ယူတီကာဒေသခံ မြန်မာပြည်ဖွားများတင်ဆက်ပြသသော နွေဦးတော်လှန်ရေး ထောက်ပို့အော်ပရာ အစီအစဉ်ဖြင့် ဖျော်ဖြေခဲ့ကြသည်။

Photo by - Kyaw Soe Latt, Terry Win, Moe War War Moe.

#newyork
#utica
#UnitedHandsForNewMyanmar
#SaveBurma
#NYCBC
#NUG
22m

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly