"တရားမျှတမှုအတွက် တိုက်ပွဲဝင်ရုံမှတပါး အခြားမရှိ" စာ တန်းကိုင်စွဲပြီး ကြံခင်းမြို့နယ်မှာဆန္ဒပြ

By မင်းထက် (မဇ္စျိမ)
02 July 2023
"တရားမျှတမှုအတွက် တိုက်ပွဲဝင်ရုံမှတပါး အခြားမရှိ" စာ တန်းကိုင်စွဲပြီး ကြံခင်းမြို့နယ်မှာဆန္ဒပြ

ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ဇူလိုင်လ ၁ ရက်နေ့ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီးသ ပိတ်ကော်မတီမှဦးဆောင်ပြီး စစ့အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။

စကြဝတေးမင်းကြီး သပိတ်ကောင်မတီအဖွဲ့ဝင်များက "ငါတို့နိုင်မဲ့ပွဲ"တရားမျှတမှုအတွက် တိုက်ပွဲဝင်ရုံမှတပါး အ ခြားမရှိ"စာသားပါ ဘန်နာအားကိုင်ဆွဲကာ ကြံခင်းမြို့တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။

စကြဝတေးမင်းကြီး သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှစတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သ ပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယခုဆန္ဒထုတ် ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၁၁၇)ကြိမ်မြောက်ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟုသိရသည်။

#ဆန္ဒပြ
#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly