အရှေ့တီမောအစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ မြန်မာနိုင်ငံကိုယ်စားပြု NUG နိုင်ငံခြားရေးဝန်ကြီး တက်ရောက်

အရှေ့တီမောအစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ မြန်မာနိုင်ငံကိုယ်စားပြု NUG နိုင်ငံခြားရေးဝန်ကြီး တက်ရောက်

အရှေ့တီမော အစိုးရသစ်ကျမ်းသစ္စာ ကျိန်ဆိုပွဲကို  မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ( NUG )နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ကိုယ်တိုင် တက်ရောက်ခဲ့သည်ဟု NUG နိုင်ငံခြားရေးက ဓာတ်ပုံနှင့်တကွ ထုတ်ပြန်သည်။

အာဆီယံနိုင်ငံတစ်ခုဖြစ်သည့် အရှေ့တီမောနိုင်ငံ၏ အစိုးရသစ်၏ 
ကျမ်းသစ္စာကျိန်ဆိုပွဲတွင် အရှေ့တီမောနိုင်ငံ သမ္မတဖြစ်သူ ဟိုဆေး ရားမို့စ်ဟော်တာ က မ်ိန့်ခွန်းပြောကြားရာ မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်လာသည့် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် NUG အစိုးရ၏ ချက်ပြည်ထောင်စုသမ္မတနိုင်ငံ ကိုယ်စားလှယ် ဦးလင်းသန့်တို့ကို ထည့်သွင်းနှုတ်ဆက်သွားခဲ့ကြောင်း NUG နိုင်ငံခြားရေးက ထုတ်ပြန်သည်။

စာမူတည်းဖြတ်။    ။ သန့်ဇော်(သန်လျင်)

#mizzima
#ဒေါ်ဇင်မာအောင်
#NUG
#အရှေ့တီမော #အစိုးရသစ်
#ကျမ်းသစ္စာကျိန်ဆိုပွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly