အိန္ဒိယ လမ်းပမ်းဆက်သွယ်ရေး ကွန်ရက်က ကမ္ဘာပေါ်တွင် ဒုတိယအရှည်ဆုံးဖြစ်လာပြီး ၉ နှစ် တာ အတွင်း ၅၉ ရာခိုင်နှုန်း တိုးတက်လာ

အိန္ဒိယ လမ်းပမ်းဆက်သွယ်ရေး ကွန်ရက်က ကမ္ဘာပေါ်တွင် ဒုတိယအရှည်ဆုံးဖြစ်လာပြီး ၉ နှစ် တာ အတွင်း ၅၉ ရာခိုင်နှုန်း တိုးတက်လာ

အိန္ဒိယ၏ လမ်းကွန်ရက်သည် လွန်ခဲ့သည့် ၉ နှစ်အတွင်း အစိုးရက ဆောင်ရွက်ခဲ့သော ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး လမ်းကွန်ရက် ဖြစ်လာရန် ၅၉ ရာခိုင်နှုန်း တိုးတက်လာကြောင်း လမ်းပမ်းဆက်သွယ်ရေး၊ ပို့ဆောင်ရေးနှင့် အဝေးပြေး ဝန်ကြီး နီတင် ဂတ်ကာရီ က ဇွန် ၂၇ တွင်  ပြောကြားသည်။

အိန္ဒိယသည် စုစုပေါင်း လမ်းကွန်ရက် ကီလိုမီတာ ၆၄ သိန်းနီးပါးရှိပြီး ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး လမ်းကွန်ရက် ဖြစ်သည်။ အိန္ဒိယ၏ အဝေးပြေးလမ်းများ ကွန်ရက်တစ်ခုတည်းသည် ယနေ့ ကီလိုမီတာ ၁၄၅၂၄၀ ရှိပြီး ၂၀၁၃-၁၄ ခုနှစ် တွင် ၉၁၂၈၇ ကီလိုမီတာ ရှိကြောင်း ၎င်းက နှိုင်းယှဉ်၍ ပြောကြားသည်။

အိန္ဒိယ နိုင်ငံ ၏ မြို့တော် တွင် ကျင်းပသော မိုဒီအစိုးရ၏ ၉ နှစ်တာ နှစ်ပတ်လည် ညီလာခံတွင် ဝန်ကြီးက ပြောကြားခြင်းဖြစ်သည်။

"ပြီးခဲ့တဲ့ ၉ နှစ်အတွင်း အိန္ဒိယက ဒီကဏ္ဍမှာ ကမ္ဘာ့စံချိန် ၇ ခု ရှိခဲ့ပါတယ်။ အိန္ဒိယရဲ့ လမ်းကွန်ရက်က အမေရိကန်ပြီးရင် ကမ္ဘာမှာ ဒုတိယအကြီးဆုံး ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

၂၀၁၃-၁၄ ခုနှစ်တွင် လမ်းဖြတ်သန်းခများမှ ရရှိသော ၀င်ငွေသည် ရူပီး ၄၇၇၀  ကုဋေမှ ရူပီး ၄၁၃၄၂ ကုဋေအထိ တိုးလာကြောင်း ဝန်ကြီးက ထပ်လောင်း အသိပေးခဲ့သည်။

အစိုးရသည် ၂၀၃၀ တွင် လမ်းဂိတ်ကြေး ကောက်ခံငွေ ရူပီး ၁၃၀၀၀၀ ကုဋေအထိ တိုးမြှင့်ရရှိရန် ရည်မှန်းထားကြောင်း ဂတ်ကာရီ က ပြောကြားသည်။

India's Road Network Now 2nd Longest In World, Grew 59% In 9 Years: 
https://www.ndtv.com/india-news/indias-road-network-now-2nd-longest-in-w...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly